ရတနာမိုး သွန်းဖြိုးတဲ့ ကောင်းကင်ဘုံရဲ့ ကောင်းချီးရတဲ့ မြေ

စေတီ ပုထိုးနဲ့ ဂူဘုရား သုံးထောင်ကျော်ဟာ အင်မတန်ကျယ်ပြောတဲ့ လွင်ပြင်တဆန့်မှာ မားမားမတ်မတ် ပျံ့နှံ့ တည်ရှိနေပါတယ်။ ထူးခြားတဲ့ ပုဂံရဲ့ မြို့ပြအနေအထားဟာ အာရှတလွှားရဲ့ ယဥ်ကျေးမှုတွေ ကူးလူးယှက်သွယ် ရက်ဖောက်ထားရာက ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ဟာ လူတွေ ယဥ်ကျေးမှုတွေ စီးမျောဖို့အတွက် ပင်မလမ်းကြောင်း ဖြစ်ပါတယ်။ မြစ်ဟာ တိုင်းပြည်ရဲ့ အလယ်ကနေ စီးဆင်းပြီး ဒေသအများအပြားကို ကြီးမားတဲ့ ကွန်ယက်ပမာ ချိတ်ဆက်ပေးထားပါတယ်၊ ပြီးတော့ ဒီမြစ်ဟာ မြန်မာရဲ့ အစောပိုင်း ခေတ်ကာလကတည်းက အိန္ဒိယသမုဒ္ဒရာဝင်ပေါက် ဖြစ်နေပါတယ်။

ပုဂံဟာ မေ့လျော့အထားခံရတဲ့ အပျက်အစီး မဟုတ်ပါဘူး။ မရေမတွက်နိုင်တဲ့ စေတီ ပုထိုးတွေအပြင် နေ့တဓူဝ ရှင်သန်မှုကလဲ အချိန်ပြည့် အမွေအဖြစ် ကျန်ခဲ့ပါတယ်။ အပူပိုင်းဒေသက ဘဝတွေကို ရာသီလိုက်မိုးက ထောက်မပေးပါတယ်။ မိုးရေက မြစ်ကို ရေလျှံစေပြီး ကောင်းမွန်တဲ့ ကောက်ပဲသီးနှံတွေကို ယူဆောင်လာပါတယ်။ နှစ်စဥ် ပူခြောက်ကနေ အစိုအဖြစ် ရာသီလိုက် ပြောင်းလဲမှုက ဒီဒေသက လူတွေအဖို့ နှစ်ပတ်လည် ပွဲတော်တွေနဲ့ စည်းဝါးသံစဥ် ညှိပေးထားသလိုပါပဲ။

ရတနာတွေ သွန်ချပေးသလို ရွာတဲ့မိုးက ပုဂံရဲ့ သမိုင်းကို တောက်လျောက် မြေတောင်မြှောက်ပေးနေခဲ့ပါတယ်။ မြေရဲ့ အပူဓာတ် ရေရဲ့ အေးမြမှု သစ်တပင်ရဲ့ အရိပ်လို တည်ငြိမ်မှု - - - - ကျေးဇူးပြုပြီး ဟောသည်မြေက တကယ့်ပျော်ရွှင်မှုကို သင်ရဲ့ ခရီးစဥ်မှာ ရှာကြည့်လိုက်စမ်းပါ။

ပုဂံသမိုင်း

မြန်မာ့သမိုင်းရဲ့ ပထမဦးဆုံး ဘုရင့်နိုင်ငံတော်ဟာ ခရစ်နှစ် ၁၁ ရာစုကနေ ၁၃ ရာစုအထိ ထွန်းကားခဲ့တဲ့ ပုဂံဘုရင့်နိုင်ငံတော် ဖြစ်ပြီး မြန်မာ့ယဥ်ကျေးမှုကို တည်ဆောက်ခဲ့တဲ့ အလှည့်အပြောင်း မှတ်တိုင် ဖြစ်ပါတယ် ။ဗုဒ္ဓဘာသာကို ပင်လယ်ကမ်းရိုးတန်းဒေသတွေအရောက် ပျံ့နှံ့စေခဲ့ပြီး ပြည်သူတွေက ကုသိုလ်ရဖို့အတွက် စေတီပုထိုးတွေကို အားကြိုးမာန်တက် ဆောက်လုပ်လှူဒါန်းကြပါတယ်။

ပုဂံအမွေ

ပျက်စီးယိုယွင်းနေတဲ့ ဗုဒ္ဓဘာသာ စေတီ ပုထိုး နဲ့ ကူဘုရား ၃၀၀၀ ကျော်ဟာ ပုဂံလွင်ပြင်ထဲမှာ ပျံ့ကျဲနေပါတယ်။ အဲဒီထဲက အဓိကကျတဲ့ ဘုရားတွေကို ကျွန်တော်တို့အနေနဲ့ ဒေသအလိုက် မိတ်ဆက်ပေးထားပါတယ်။ ဧရိယာဒေသအလိုက် အပျက်အစီးတွေအပြင် ပြတိုက်တွေကိုလဲ မိတ်ဆက်ပေးထားပါတယ်။

ပုဂံမြေပုံ

ပုဂံကို လာရောက်လည်ပတ်သူတိုင်းအတွက် အသုံးဝင်မယ့် မြေပုံတစ်ခုကို ကျွန်တော်တို့ ဖန်တီးနေပါတယ်။ ရှေးဟောင်း အမွေအနှစ်၊ ဟိုတယ်၊ စားသောက်ဆိုင်၊ အများနဲ့ဆိုင်တဲ့ (သန့်စင်ခန်း)၊ ဆိုင် စတဲ့ဟာတွေပေါ့။ မြေပုံ ဝဲဖက်ထိပ်က အမှတ်အသားကို နှိပ်လိုက်ရင် အမည်စာရင်းကို တွေ့ရပါလိမ့်မယ်။ အဲလိုပဲ မြေပုံရဲ့ ယာဖက်ထိပ်က အမှတ်အသားကို နှိပ်မယ်ဆိုရင် သီးခြားစာမျက်နှာ တစ်ခုနဲ့အတူ ပုဂံ မြေပုံ အကြီးစားတချပ် ပေါ်လာပါလိမ့်မယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.