ပုဂံနဲ့ လမ်းပန်းဆက်သွယ်ရေး

ပုဂံနဲ့ လမ်းပန်းဆက်သွယ်ရေးကတော့ နေ့တဓူဝ ကူးလူးသွားလာနေကြပါတယ်။ လေကြောင်း၊ ကုန်းကြောင်း(ဘတ်စ်ကား၊ ရထား)၊ ရေကြောင်း သယ်ယူပို့ဆောင်ရေးတွေအနေနဲ့ သူတို့ရဲ့ ကွန်ယက်နဲ့ ကရိယာတန်ဆာပလာတွေကို အဆင့်မြှင့်တင်လျက် ရှိပါတယ်။ သင်ရဲ့အချိန်ဇယားနဲ့ ငွေကြေးအပေါ် မူတည်ပြီး ကိုယ်နဲ့သင့်လျော်မယ့် အစီအစဥ်ကို တွေ့နိုင်ပါတယ်။

လေကြောင်းနဲ့ သွားမယ်

ပုဂံရဲ့ ဝင်ပေါက်ဖြစ်တဲ့ ညောင်ဦးမြို့မှာ ပြည်တွင်း လေယာဥ်ခရီးစဥ်တွေကို ပျံသန်းပေးနေတဲ့ လေဆိပ်တစ်ခု ရှိပါတယ်။ လေကြောင်းလိုင်းတွေဟာ မြန်မာပြည် အလယ်ပိုင်းက မြို့တွေနဲ့ ဝိုင်းကြီးပတ် ပျံသန်းပေးနေပါတယ်။

ရန်ကုန်ကနေ မနက်စောစော ထွက်တဲ့ လေယာဥ်က ရန်ကုန် - ညောင်ဦး - မန္တလေး - ဟဲဟိုး - ရန်ကုန် အစဥ်အတိုင်း ပျံသန်းပြီး ညနေပိုင်းလေယာဥ်တွေက အစီအစဥ်ကို ပြောင်းပြန်လှည့်ပြီး ရန်ကုန် - ဟဲဟိုး - မန္တလေး - ညောင်ဦး - ရန်ကုန် အစီအစဥ်နဲ့ ပျံသန်းပါတယ်။

ဥပမာ ရန်ကုန်ကနေ ညောင်ဦးကို မနက်ခင်းမှာ ၁ နာရီဝန်းကျင် ကြာပါတယ်။ ဒါပေမယ့် မွန်းလွဲပိုင်းမှာ ပြောင်းပြန်ပတ်ရတဲ့အတွက် ၃ နာရီလောက် ကြာပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ရန်ကုန်ကနေ ပုဂံကို သွားမယ်ဆိုရင် မနက်စောစောလေယာဥ်နဲ့ သွားပြီး ညနေ လေယာဥ်နဲ့ ပြန်လာတာက အဆင်ပြေပါတယ်။
သင့်အနေနဲ့ လေယာဥ်လက်မှတ်ကို လေကြောင်းလိုင်းတွေရဲ့ ဝက်ဘ်ဆိုက်မှာ ကြိုတင် မှာယူလို့ ရပါတယ်။

လေကြောင်းလိုင်းတွေ

ပုဂံ ညောင်ဦး လေဆိပ်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် (ပြည်တွင်း)

ဘတ်စ်ကားနဲ့ သွားမယ်

ပုဂံရွှေပြည် အဝေးပြေးကားဂိတ်ဟာ ပုဂံရဲ့ ဆင်ခြေဖုံးမှာ ရှိပြီး ခရီးဝေးသွား ကားတွေနဲ့ ဝန်ဆောင်မှုပေးတဲ့ အဓိက ကားဂိတ် ဖြစ်ပါတယ်။

အရင်တုန်းကတော့ ကားတွေဟာ အကုန်နီးပါး လေအေးစက်မပါတဲ့ ကားတွေချည်းလိုလိုပေမယ့် ခုတော့ အဲဒီကားတွေကို လေအေးစက်ပါတဲ့ မော်ဒယ်အသစ်တွေနဲ့ လဲလှယ် ပြေးဆွဲနေပြီဖြစ်တဲ့အတွက် သင့်အနေနဲ့ သက်သောင့်သက်သာ ခရီးသွားနိုင်ပါပြီ။ ဇိမ်ခံကားတွေဆိုရင် တစ်တန်းကို သုံးခုံပဲ ထားပါတယ်။ ရန်ကုန်ကနေ ပုဂံအရောက် အချိန်တို အပန်းပြေ ရပ်နားချိန် အပါအဝင် ၁၀ နာရီဝန်းကျင်ပဲ ကြာပါတယ်။

ရန်ကုန်မှာတော့ အောင်မင်္ဂလာ အဝေးပြေးကားဝင်းက မြို့လယ်ခေါင်နဲ့ အတော် အလှမ်းဝေးတဲ့အတွက် သင့်အနေနဲ့ ကားလွတ်မသွားဖို့ သတိထားဖို့ လိုပါတယ်။ ကားရှုပ်တဲ့အချိန်ဆိုရင် မြို့ထဲကနေ ကားဂိတ်ကိုရောက်ဖို့ ၁ နာရီကျော် ကြာတတ်ပါတယ်။

ကားလက်မှတ်တွေကို အောင်ဆန်းကွင်းရှိ လက်မှတ်အရောင်းဌာနတွေနဲ့ အင်တာနက် အရောင်းဌာနတွေမှာ ဝယ်ယူလို့ ရပါတယ်။

အွန်လိုင်း (အင်တာနက်) ဘတ်စ်ကား လက်မှတ်

ပုဂံ ဘတ်စ်ကားဂိတ်

ရန်ကုန် အဝေးပြေး ဘတ်စ်ကား စခန်း

မီးရထားနဲ့ သွားမယ်

မြန်မာပြည်အတွင်း မီးရထားနဲ့ ခရီးသွားရင် ရထားတွဲတွေက ဟောင်းနွမ်းပြီး ထိန်းသိမ်းပြုပြင်တာက ညံ့ဖျင်းတဲ့အတွက် ရထားလမ်းချော်ကျနေသလား အောက်မေ့ရအောင် တောက်လျှောက် လှုပ်ခါနေတဲ့ ရှားရှားပါးပါး အတွေ့အကြုံကို ခံစားရပါလိမ့်မယ်။ ရထား ဝန်ဆောင်မှုက မကြာမကြာ ဖင့်နွှဲ နောက်ကျပါတယ်။ ဒါပေမယ့် သင့်မှာ အချိန်ပိုတွေ သိပ်များနေရင်တော့ သင့်အနေနဲ့ အနှေးစီးရထားရဲ့ အရသာကို ပျော်ပျော်ရွှင်ရွှင် ခံစားနိုင်ပါတယ်။

သင့်အနေနဲ့ ရထားလက်မှတ်တွေကို မီးရထားဘူတာရုံတွေမှာ ရနိုင်ပါတယ်။ လက်မှတ်တွေကို ရထားမထွက်ခင် ၃ ရက် ကြိုတင်ပြီး ရောင်းချပေးပါတယ်၊ ဒါပေမယ့် အိပ်စင်ဆိုရင် အကုန်မြန်သလို နိုင်ငံတော် ရုံးပိတ်ရက်အတွင်းဆိုရင်လည်း လက်မှတ် အကုန်မြန်ပါတယ်။

ရန်ကုန်မှာ ရထားလက်မှတ်ရုံက ဆာကူရတာဝါနဲ့ မျက်နှာချင်းဆိုင်ဖက်ခြမ်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ရှိတယ်။

ပုဂံ မီးရထားဘူတာရုံ

မြန်မာမီးရထား ကြိုတင်လက်မှတ် အရောင်းဌာန (ရန်ကုန်)

ရေကြောင်းနဲ့ သွားမယ်

ပုဂံနဲ့ မန္တလေးကြားမှာ ရေကြောင်းကုမ္ပဏီ အတော်များများက သင်္ဘောတွေ ပြေးဆွဲကြတယ်။ များသောအားဖြင့် သင်္ဘောတွေက မန္တလေးကနေ မနက်စောစော ထွက်ပြီး ပုဂံကို နေ့ခြင်း ညနေဖက် ရောက်ကြပါတယ်။

ရေကြောင်းကုမ္ပဏီ

Alliance Myanmar River Cruise Website
Inland Water Transport (IWT / government-run) Website
Malikha Boat Website
MGRG Express Website
RV Shwe Keinnery (RV NMAI HKA) Website
လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.