အစိုးရ အရာရှိတွေ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ဒေသခံတွေဟာ ဗဟုသုတ မကုံလုံကြဘူး၊ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းဖို့ အရေးကြီးတယ်ဆိုတာနဲ့ ခရီးသွားတွေ လာချင် ကြည့်ချင်တဲ့နေရာတွေကို လှပအောင် ဆွဲဆောင်မှုရှိအောင်လုပ်ဖို့ စိတ်ကူး မပေါက်ကြဘူး။ အရှည်တည်တန့်တဲ့ စီမံခန့်ခွဲမှု၊ ရှေးဟောင်းအမွအနှစ် လာကြည့်သူတွေ သွားကြည့်ချင်တဲ့နေရာတွေကို ဖန်တီးပေးဖို့ ပြည်သူတွေ နိုးကြားဖို့လိုတယ်။ ပြည်သူတွေ နိုးကြားဖို့အတွက် လှုပ်ရှားမှုအနေနဲ့ လူထုနိုးကြားရေး ဆွေးနွေးပွဲ၊ အသေးစား လူထု နိုးကြားရေး အလုပ်ရုံ ဆွေးနွေးပွဲနဲ့ အမှိုက်သရိုက်ရှင်းလင်း သန့်စင်ရေး လူထုလှုပ်ရှားမှုတွေကို ပုဂံမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုတွေကနေ ပုဂံလူထုအနေနဲ့ ပုဂံမှာ နေပြီး ရှေးဟောင်းအမွအနှစ် ခရီးသွားတွေ သွားချင်တဲ့နေရာတွေနဲ့ သူတို့ကိုယ်တိုင် လူထုနိုးကြားရေး လှုပ်ရှားမှုတွေ ဆက်လက်ပြုလုပ်ရေးဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သူတို့ သဘောပေါက်လာပါလိမ့်မယ်။

Continue reading

ပုဂံမှာ ခရီးသွားလုပ်ငန်းက နိုင်ငံခြားသား ခရီးသွားတွေကို ဝန်ဆောင်မှုပေးဖို့ ကျွမ်းကျင်မှုအရရော ဗဟုသုတအရရော ဧည့်ဝတ်ကျေပွန်မှုအရရော စွမ်းဆောင်ရည် မပြည့်ဝကြဘူး။ ခရီးသွားကဏ္ဍ အစားအသောက် အဖျော်ယမကာကဏ္ဍနဲ့ လိုင်စင်ရ ခရီးသွားလမ်းညွှန်ကဏ္ဍ အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင် ရည်မွန်ယဥ်ကျေးမှုနဲ့ ဂျပန်တွေရဲ့ “(အိုမိုတဲနရှိ ဧည့်ဝတ်ကျေပွန်မှု) အိပ်သွန်ဖာမှောက် ဧည့်ဝတ်ကျေပွန်မှု” (O-H) အတွက် လေ့ကျင့်သင်ကြားပေးတာ သင်တန်းဆရာဖြစ် သင်တန်းပေးတာ စတဲ့ လူသားရင်းမြစ် စွမ်းဆောင်ရည်တိုးတက်ဖို့ အားကောင်းလာဖို့ ရှေ့တန်းကရုံးတွေမှာ အခြေခံသင်တန်းတွေကို ပုဂံမှှာ အားသွန်ခွန်စိုက် ပို့ချသင်ကြား လေ့ကျင့်ပေးခဲ့ပါတယ်။ ဒီလေ့ကျင့်သင်ကြားရေး အစီအစဥ်တွေကနေ ပုဂံရဲ့ ခရီးသွားလုပ်ငန်းက လူသားရင်းမြစ်တွေ ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်။ ပြီးတော့ ပုဂံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာ “အိပ်သွန်ဖာမှောက် ဧည့်ဝတ်ကျေပွန်မှု” (O-H)ထွန်းကားလာပါလိမ့်မယ်။

Continue reading

ပုဂံက ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့ နေရာတွေမှာ ကွင်းကြီးရဲ့ ပတ်ဝန်းကျင်ကို သင့်လျော်အောင် မစီမံ မခန့်ခွဲတတ်ဘူး။ ဒီတော့ ဘတ်စ်ကားကြီးတွေ ခရီးသည်တင်ကားတွေနဲ့ အီး-ဘိုက်တွေဟာ ရပ်ချင်သလို ဗရမ်းပတာ စည်းမဲ့ ကမ်းမဲ့ ရပ်နေတဲ့အတွက် ခရီးသွားတွေ ဝင်ထွက်ရတာတွင်မကဘူး ဘုရားတွေရဲ့ မြင်ကွင်းကိုပါ ပိတ်ဆို့ အမြင်ဆိုးစေပါတယ်။

ခရီးသွားတွေ လွယ်ကူချောမွေ့စွာ ဝင်ထွက်သွားလာနိုင်အောင်နဲ့ ရင်သပ်ရှုမောဖွယ် ဘုရားတွေရဲ့ မြင်ကွင်းကို မပိတ်ဆို့အောင် JETက ဧည့်သည် စီမံခန့်ခွဲမှု တစိပ်တဒေသအနေနဲ့ စီမံကိန်းတခုကို  အဆိုပြု တင်ပြထားပါတယ်။ ဒီစမ်းသပ်မှုက ရှေးဟောင်းအမွေအနှစ် ဘုရားတွေရဲ့ ပတ်ဝန်းကျင်ကို တိုးတက်စေလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

Continue reading

ဒီဒေသမှာတော့ ပုဂံရဲ့ သမိုင်းကြောင်း မြေပြင် အနေအထားအရ ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှု အကောင်းဆုံး ရင်းမြစ်တခု ဖြစ်ပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကပိုင် ငွေကြေးစီးဝင်တာ ဟင်းလင်းပြင်မှာ ဘာတာဝန်ယူမှု မရှိတဲ့ ကြော်ငြာ ဗလပွ ကပ်တာတွေဟာ ပတ်ဝန်းကျင်အတွက် အနုတ်လက္ခဏာဆောင်ပါတယ်။ မြင်ရတဲ့ မျက်စိစပါးမွှေးစူးစရာတွေကို လျှော့ချဖို့အတွက် ဒေသဆိုင်ရာ အစိုးရက ကော်မတီတရပ်ဖွဲ့စည်းပေးပြီး ၂၀၁၇ ခုနှစ် မေလကစလို့ တရားမဝင်တဲ့ ကြော်ငြာတွေကို ဖယ်ရှားတဲ့ လှုပ်ရှားမှုကလေး စလုပ်ပါတယ်။ အတီတေ ရှေးရှေးက ပုဂံရဲ့ မြေမျက်နှာသွင်ပြင်မျိုး ပြန်ရဖို့ဆိုရင် စဥ်ဆက်မပြတ် လုပ်ဆောင်မှုတွေ လိုအပ်မယ် ဖြစ်ကြောင်းပါ။

Continue reading

အများပြည်သူအတွက် ပုဂံရဲ့ ထူးခြားချက်နဲ့အညီ အညွှန်းဆိုင်းဘုတ်တွေ ဖန်တီး ပြုလုပ်တဲ့နေရာမှာ ဒီဇိုင်းကနေ ထုတ်လုပ်တဲ့အထိ စနစ်တကျ အစီအစဥ်နဲ့ အောက်ပါအတိုင်း ကျောက်ချပြီး လုပ်ရပါမယ်။

  1. ဒြပ်ဝတ္ထုပစ္စည်း။ ။ ဝယ်ယူရေးဌာနက ဖြည့်တင်းပေးတဲ့ ကျွန်းကို သုံးပါ။ သူက တာရှည်ခိုင်ခန့်ပြီး ကိုင်တွယ်လုပ်ကိုင်ရ လွယ်ကူပါတယ်။
  2. ဒီဇိုင်း။ ။ ရိုးရာပုံစံနဲ့ အညွှန်းတွေကို ထင်သာ မြင်သာ ဖြစ်အောင် ပေါင်းစပ် သုံးကြည့်ပါ။
  3. ထုတ်လုပ်ရေး။ ။ ရိုးရာအစဥ်အလာအရ သစ်ကို ရွေနိုင် ထွင်း ဖောက် ဖြတ် ကွေး လိုအပ်သလို နိုင်နိုင်နင်းနင်း လုပ်ကိုင်နိုင်တဲ့ လက်သမားတွေနဲ့ ပူးပေါင်းပြီး လုပ်ပါ။

တကြိမ်တခါ စနစ်ကျနတဲ့ အဆင့်ဆင့် လုပ်နည်း လမ်းညွှန်အတိုင်း လုပ်တတ်သွားပြီ အဆင်ပြေသွားပြီဆိုရင် ရေရှည်လုပ်ကိုင်ဖို့ “ပုဂံမှာ လုပ်တယ်” ဖြစ်ဖို့ မျှော်လင့်နိုင်ပါပြီ။

Continue reading

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.