ယာဥ်သွားယာဥ်လာ စီမံခန့်ခွဲရေး စနစ်ကောင်းဖို့
ခရီးသည်တွေ တိုးတက်များပြားလာတာနဲ့အတူ ယာဥ်သွားလာတဲ့ ပမာဏ ကြီးမြင့်လာနေပြီး ယာဥ်နဲ့ပတ်သက်တဲ့ ဘုရားပုထိုးတွေအပေါ် အဆိုးသက်ရောက်တာတွေ လမ်းပိတ်ဆို့တာတွေနဲ့ လုံခြုံဘေးကင်းမှုစတဲ့ ပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်စေနေတယ်။ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်ဇုံထဲမှာ ယာဥ်သွားယာဥ်လာ ပမာဏကို လျှော့ချဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ သယ်ပို့စနစ်ဖြစ်ဖို့ ၁၊ ယာဥ်ရပ်နားတာကို ထိန်းချုပ်တာ ၂၊ ပုဂံမြို့ဟောင်းအတွင်း ယာဥ်သွားယာဥ်လာ စည်းမျဥ်းစည်းကမ်းလုပ်တာ၊ ၄၊ နေဝင်ချိန်မှာ မြင်းလှည်းကို ပိုသုံးကြဖို့ တိုက်တွန်းမြှင့်တင်တာတို့အတွက် သရုပ်ပြပွဲ နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။