ပြည်သူ့အတွက် ကြော်ငြာဆိုင်းဘုတ်စနစ် ထွက်ပေါ်ရေး
အများပြည်သူအတွက် ပုဂံရဲ့ ထူးခြားချက်နဲ့အညီ အညွှန်းဆိုင်းဘုတ်တွေ ဖန်တီး ပြုလုပ်တဲ့နေရာမှာ ဒီဇိုင်းကနေ ထုတ်လုပ်တဲ့အထိ စနစ်တကျ အစီအစဥ်နဲ့ အောက်ပါအတိုင်း ကျောက်ချပြီး လုပ်ရပါမယ်။
- ဒြပ်ဝတ္ထုပစ္စည်း။ ။ ဝယ်ယူရေးဌာနက ဖြည့်တင်းပေးတဲ့ ကျွန်းကို သုံးပါ။ သူက တာရှည်ခိုင်ခန့်ပြီး ကိုင်တွယ်လုပ်ကိုင်ရ လွယ်ကူပါတယ်။
- ဒီဇိုင်း။ ။ ရိုးရာပုံစံနဲ့ အညွှန်းတွေကို ထင်သာ မြင်သာ ဖြစ်အောင် ပေါင်းစပ် သုံးကြည့်ပါ။
- ထုတ်လုပ်ရေး။ ။ ရိုးရာအစဥ်အလာအရ သစ်ကို ရွေနိုင် ထွင်း ဖောက် ဖြတ် ကွေး လိုအပ်သလို နိုင်နိုင်နင်းနင်း လုပ်ကိုင်နိုင်တဲ့ လက်သမားတွေနဲ့ ပူးပေါင်းပြီး လုပ်ပါ။
တကြိမ်တခါ စနစ်ကျနတဲ့ အဆင့်ဆင့် လုပ်နည်း လမ်းညွှန်အတိုင်း လုပ်တတ်သွားပြီ အဆင်ပြေသွားပြီဆိုရင် ရေရှည်လုပ်ကိုင်ဖို့ “ပုဂံမှာ လုပ်တယ်” ဖြစ်ဖို့ မျှော်လင့်နိုင်ပါပြီ။