ရှုခင်းသာကြည့်ဖို့နေရာတွေ ဖော်ကြမယ်
ဘုရားပုထိုးတွေထက်ကနေ နေဝင်ချိန်ကို ကြည့်တာဟာ ခရီးသည်အားလုံးအတွက် အကျော်ကြားဆုံး အလုပ်တွေထဲက တခုဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားပုထိုးတွေရဲ့ ရေရှည်တည်တံ့ရေးနဲ့ ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဘုရားပုထိုးတွေအပေါ်ကို တက်တာကို ကောင်းကောင်းထိန်းချုပ်ဖို့ လိုအပ်ပါတယ်။
အစားထိုး ရှုခင်းသာအနေနဲ့ မြစ်ရှုခင်း ကျေးလက်ရှုခင်း စသဖြင့်တွေကို “ပုဂံကို ရှာကြစို့” မြေပုံကို ပုံဖော်ကြည့်သလို (မြေပုံတွေကို) ခရီးသည်တွေကို ဝေငှပေးမယ်ဆိုရင် အဲဒီလူတွေအနေနဲ့လည်း ပုဂံရဲ့ အခြားတဖက်က အလှတွေကို ပြန်လည် တွေ့ရှိလာကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။