ပုဂံအမွေ

ပျက်စီးယိုယွင်းနေတဲ့ ဗုဒ္ဓဘာသာ စေတီ ပုထိုး နဲ့ ကူဘုရား ၃၀၀၀ ကျော်ဟာ ပုဂံလွင်ပြင်ထဲမှာ ပျံ့ကျဲနေပါတယ်။ အဲဒီထဲက အဓိကကျတဲ့ ဘုရားတွေကို ကျွန်တော်တို့အနေနဲ့ ဒေသအလိုက် မိတ်ဆက်ပေးထားပါတယ်။ ဧရိယာဒေသအလိုက် အပျက်အစီးတွေအပြင် ပြတိုက်တွေကိုလဲ မိတ်ဆက်ပေးထားပါတယ်။

ပုဂံမြို့ဟောင်း

ဘူးဘုရား

“ဘူး”ရဲ့အဓိပ္ပါယ်က “ဘူးသီး” ဖြစ်ပြီး “ဘုရား” က “စေတီ” ကို ရည်ညွှန်းပါတယ်၊ ဒါကြောင့် ဘူးဘုရားဆိုတာ ဘူးသီးပုံစေတီလို့ ဆိုလိုတယ်။ ဘူးဘုရားက ဧရာဝတီမြစ်ကမ်းပါးပေါ်မှာ တည်ရှိပါတယ်။ ဖိနပ်ခုံကို ခရုပတ်ရစ်ခွေပြီး စိန်တန်းပတ်လမ်း နှစ်ဆင့် ဆောက်ထားပါတယ်၊ အဲဒီအပေါ်က စေတီသေးသေးလေးဟာ ရေကြောင်းသွားသူတွေအတွက် မီးပြတိုက်သဖွယ် ဖြစ်ပါတယ်။ စေတီရဲ့ ခေါင်းလောင်းက ငကျွဲနားတောင်းရဲ့ မွေတော် ဓာတ်တော်ထည့်တဲ့ ရှည်မျောမျော အဝန်းညီ တောင်းပုံ နဲ့ တူပါတယ်။ သူ့အထက်မှာတော့ သိပ်သည်းတဲ့ ဖောင်းရစ် ကြာမှောက် ရွဲ ကြာလှန် ငှက်ပျောဖူးကနေ ငှက်မြတ်နားနဲ့ စိန်ဖူးတော်အထွဋ်ရှိတဲ့ ထီးတော် ရှိပါတယ်။

မြင်းကပါရွာ ဝန်းကျင်

နန်းဘုရား

အုတ်အလှစီ ကျောက်ဆစ် ပန်းတမော့ လက်ရာတွေနဲ, တည်ဆောက်ပုံထားပုံက ပုဂံရဲ့ လှပတင့်တယ်တဲ့ ပိသုကာပညာကို ထင်ဟပ်နေပါတယ်။ အတွင်းပိုင်း ပန်းတမော့လက်ရာတွေက သဲကျောက်ကို ဆစ်ထားတာပါ။ အတွင်းပိုင်းကို အုတ် ရွှံ့မှုန့် သဲကျောက်တို့နဲ့ ဆောက်ထားတာ ဖြစ်ပါတယ်။ သူရဲ့ ပုံစံက လေးထောင့်စပ်စပ်မှာ အရှေ့ဖက်မျက်နှာကနေ ဆင်ဝင် ထုတ်ထားတာ ဖြစ်ပါတယ်။ အတွင်းဖက် ဝတ်ပြုရာနေရာကို ပတ်ရံထားတဲ့ သဲကျောက်တိုင် လေးတိုင်ပေါ်မှာ ဗြဟ္မာကြီး ၈ ပါးပုံနဲ့ တြိဂံဘောင်တွေထဲမှာ ကနုတ်ပန်းတွေကို ဖောင်းကြွပုံ ဆစ်ထားပါတယ်။ ဗြဟ္မာကြီး လေးဦးပုံတွေရဲ့ လက်တဖက်ခြင်းစီမှာ ကြာပန်းတွေကို ကိုင်ထားကြပါတယ်။ ဒါု ဒီထက်စောတဲ့ ပုဂံဘုရားတွေမှာ ပါတာနဲ့ ဆင်ဆင်တူပါတယ်။ တန်ဆောင်းမှာ ပြတင်းတခုပါတယ်၊

ပုဂံမြို့သစ်

ဖွားစောရွာနဲ့ မင်းနန်သူရွာဝန်းကျင်

ညောင်ဦး

အလယ်လွင်ပြင်

ရွှေဆံတော်စေတီ

ရွှေဆံတော်စေတီဟာ ၁၁ ရာစုနှစ်ကတည်ခဲ့တဲ့ ဗိသုကာလက်ရာမွန်ပုံစံ ပစ္စယံငါးဆင့်ရှိတဲ့ ထုလုံးပုံဘုရား ဖြစ်တယ်။ စေတီရဲ့ လေးဖက်လေးတန်မှာ ဧည့်တွေ ဘုရားဖူးတွေ ပုဂံက စေတီပုထိုးအများအပြားကို လှမ်းမျှော်ကြည့်ရှုနိုင်တဲ့ အထက်ပစ္စယံပေါ်အထိ တက်နိုင်တဲ့ မတ်စောက်တဲ့ လှေကားလေးစင်း ရှိတယ်။ ပြီးတော့ ဒီဘုရားဟာ တဖြည်းဖြည်း လျှောကျ နစ်ဝင်သွားတဲ့ အင်မတန်လှပတဲ့ နေဝင်ချိန်ကို အရသာခံပြီး ကြည့်ဖို့ အကောင်းဆုံး ပုဂံရဲ့ အမြင့်ဆုံး ဖြစ်လို့လဲ ထင်ရှားကြော်ကြားပါတယ်။ ရွှေဆံတော်စေတီဟာ ပုဂံရဲ့ အမြင့်ဆုံးဘုရားတွေထဲက တဆူဖြစ်ပြီး ၃၂၈ ပေ မြင့်တဲ့အတွက် ဘယ်ကပဲ လှမ်းကြည့်ကြည့် မြင်ရတဲ့ ဘုရားဖြစ်ပါတယ်။

စူဠာမဏိဂူဘုရား

စူဠာမဏိဘုရားဟာ ညောင်ဦးမြို့ရဲ့ အနောက်တောင်ဖက် ၃ မိုင်အကွာ ဓမ္မရံကြီးဘုရားအနီးမှာ တည်ရှိပါတယ်။ ဘုရားအောက်ပိုင်းနဲ့ အထက်ပစ္စယံတွေမှာ ဆင်ထားတဲ့ နေရောင်အောက်မှာ ဖိတ်ဖိတ်လက်နေတဲ့ အရောင်တင်ကြွေပြားတွေကြောင့် နာမည်ကြော်ပါတယ်။ ဒီဘုရားဟာ ကြီးမားတဲ့ဘုရားတွေအနက် ပုဂံခေတ်မှာ နောက်ဆုံးတည်တဲ့ဘုရား ဖြစ်တယ်။ ဘုရားဟာ နှစ်ထပ်ဂူဖြစ်ပြီး လေးထောင့်ပန္နက်ပေါ်မှာ တည်တယ်၊ မျက်နှာလေးဖက်မှာ အာရုံခံမုခ်လေးခု တည်ဆောက်ရာမှာ အရှေ့ဖက်ကမုခ်ကို နည်းနည်း ကြီးကြီးဆောက်တယ်။ တည်ဆောက်ပုံက သဗ္ဗညု ဂေါဓောပလ္လင် ထီးလိုမင်းလိုဘုရားတွေနဲ့ ဆင်ဆင်တူတယ်။

ပြသဒါးကြီး

နှစ်ထပ်ဂူဘုရားပုံစံဖြစ်ပြီး စူဠာမဏိဘုရားရဲ့ အရှေ့တောင်ဖက်မှာ တည်ရှိပါတယ်။ ပုဂံမှာ ထုထည်အကြီးမားဆုံး ဘုရားတွေထဲက တဆူဖြစ်ပြီး ထူးခြားလှပတဲ့ အင်းဂတေ ပန်းတမော့လက်ရာတွေ ရှိတဲ့ ဘုရားတဆူ ဖြစ်တယ်။ ဘုရားအရှေ့ခြမ်းမှာ မုခ်ကုံးနှစ်ထပ်ပါတဲ့ အာရုံခံတန်ဆောင်း ရှိတယ်။ အပေါ်ပစ္စယံမှာ ချိုင့်ဝင်နေတဲ့ နေရာတခု တွေ့တယ်။ ဒါနဲ့ဆက်စပ်ပြီး ဒီဘုရားကို ပြီးစီးတဲ့အထိ မတည်ဖြစ်ခဲ့ဘူးလို့ ကောက်ချက်ချခဲ့တယ်။ ဒါပေမယ်မ ၁၉၉၈ ခုနှစ်က ထိန်းသိမ်းပြုပြင်ရေးအလုပ်တွေ လုပ်နေစဥ်အတွင်း ဘုရားကြီးရဲ့ ကြာလှန် ကြာမှောက်နဲ့ ရွဲတွေကို တွေ့ရှိတဲ့အတွက် ဘုရားကြီးကို ပြီးစီးတဲ့တိုင် တည်ခဲ့ကြောင်း သိကြရတော့တယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.