မနူဟာဂူဘုရား

မနူဟာဂူဘုရား

ပုံသဏ္ဌာန်
ဂူဘုရား
တည်နေရာ
မြင်းကပါရွာ
တည်နှစ်
ခရစ်နှစ် ၁၁ ရာစု
ရှေးဟောင်းအမှတ်
 ၁၂၄၀

ဗိသုကာလက်ရာ

ပုဂံရှိ မနူဟာ ဂူဘုရားကြီးဟာ ဂူပြောက်ကြီးဘုရားမှ တောင်ဖက် ကိုက် ၅၀၀ အကွာ မြင်းကပါရွာမှာ တည်ရှိပါတယ်။ ၁၉၇၅ခုနှစ် ငလျင်ကြီးကြောင့် ဘုရားကြီးရဲ့ အလယ်ခေါင်မိုး ပြိုကျ ပျက်စီးခဲ့ပါတယ်။ အဲဒါကြောင့် အောက်တည့်တည့်မှာရှိတဲ့ ထိုင်တော်မူ ရုပ်ပွားတော်တွေထဲက အကြီးဆုံး ဗုဒ္ဓဆင်းတုတော်ကြီးပါ အကြီးအကျယ် ပျက်စီးသွားပါတော့တယ်။ ငလျင်လှုပ်အပြီး မကြာခင်မှာ ဘုရားကြီးကို ပြန်လည်ပြုပြင်ခဲ့ပါတယ်။

သမိုင်း

“မနူဟာ” ဆိုတာ အနော်ရထာမင်းကြီးက ပုဂံမှာ အကျယ်ချုပ် ဖမ်းဆီးထားတဲ့ မွန်ဘုရင်ရဲ့ နာမံတော် ဖြစ်ပါတယ်။ အစဥ်အဆက် ပြောကြတာကတော့ မနူဟာမင်းကို ဘုရားတည်ခွင့် ပေးခဲ့တယ်။ သူက သူ့မှာရှိတဲ့ မနောမယ ကျောက်မျက်ကို သူဌေးကုန်သည်ကြီးဆီမှာ ရောင်းချတာ ငွေသား လှည်းခြောက်စီးတိုက် ရသတဲ့။ မွန်မင်းက အဲဒီငွေတွေနဲ့ ခန့်ငြားထည်ဝါတဲ့ ဒီဘုရားကို တည်တော်မူသတဲ့။ သူက ဘုရားကို သူ့ဘဝဟာ အင်မတန် စိတ်ကျဥ်းကြပ်ဖွယ် အကျဥ်းသားဖြစ်နေရတယ်ဆိုတာ သွယ်ဝိုက် ဖော်ပြရာရောက်အောင် တည်တော်မူခဲ့လေသလားလို့ နှောင်းလူတွေက တွေးတောကြတယ်။

ပွဲတော်

မနူဟာ ဘုရားပွဲတော်ကို နှစ်စဥ် တော်သလင်းလပြည့် မတိုင်မီတရက်မှာ အကြီးအကျယ် ကျင်းပပါတယ်။ ဘုရားပွဲတော်ဟာ ကုသိုလ်ရေးရော ပျော်ရွှင်ရေးပါ ဦးတည် ကျင်းပတာ ဖြစ်ပါတယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.