အရှေ့ဖက်လိပ်နဲ့ အနောက်ဖက်လိပ် စေတီတွေ

အရှေ့ဖက်လိပ်နဲ့ အနောက်ဖက်လိပ် စေတီတွေ

ပုံသဏ္ဌာန်
စေတီ
တည်နေရာ
ပုဂံမြို့သစ်
တည်နှစ်
၁၁ ရာစု
ရှေးဟောင်းအမှတ်
၁၀၃၀ (အရှေ့)/၁၀၃၁ (အနောက်)

ဗိသုကာလက်ရာ

အဝန်းနဲ့ ထုထည်အနေနဲ့ အရှေ့ဖက်လိပ်က အနောက်ဖက်လိပ်ထက် ပိုပြီး ကြီးမားပါတယ်။ အောက်ဖက်က အုတ်ကျိုး အုတ်ပဲ့ အမှိုက်သရိုက်တွေကို ရှင်းလင်းသုတ်သင် ဖယ်ရှားလိုက်တဲ့အခါ စဥ့်ရေ မသုတ်ရသေးတဲ့ (ဗုဒ္ဓဝင်ဇာတ်တော်)အုတ်ခွက်တွေကို အပြည့်အစုံနီးနီး တွေ့ရှိရပါတယ်။

ဘုရားနှစ်ဆူစလုံး မူလက ပေါင်းကူးမုခ်ခုံးစင်္ကြံပတ်လမ်းတွေ ရှိခဲ့ပါတယ်၊ နံရံတွေမှာ ဇာတ်တော်လာ အုတ်ခွက်တွေ ထားရှိတဲ့ လေးထောင့် ချိုင့်ဝင် အခန်းငယ်တွေ အစီအရီ ရှိပါတယ်။ ဒီအခန်းလေးတွေကို ရေရှည်ထိန်းသိမ်းဖို့အတွက် အမိုးတွေ ပြုလုပ်ထားပါတယ်။ အနောက်ဖက်လိပ်ဘုရားရဲ့ အခြေအနေက အတော်ကို ကောင်းပါတယ်။

အနောက်ဖက်လိပ်ဘုရားရဲ့ အောက်ပိုင်းက အင်္ဂတေတွေ ကွာကျနေပြီး အပေါ်ပိုင်းကတော့ စိမ်းညက်ညီမဘုရားနဲ့ တူပါတယ်။

သမိုင်း

ဒီဘုရားနှစ်ဆူစလုံး ခရစ်နှစ် ၁၁ ရာစု ဘုရားတွေ ဖြစ်ပြီး ၁၉၀၅ ခုနှစ်က အပျက်အစီးလိုက် တွေ့ခဲ့တာ ဖြစ်ပါတယ်။ အဆောက်အဦရဲ့ ပုံပန်းက ဒေသခံတွေ ရှေးအတီတေကတည်းက အခုတိုင် ဝတ်ဆင်ကြတဲ့ ရွှေဖက်လိပ်နားဋောင်းနဲ့ ဆင်ဆင်တူပါတယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.