နန္ဒမညဂူဘုရားဟာ ဘုရားသုံးဆူကနေ ကိုက်ရာအနည်းငယ်အကွာမှာ တည်ရှိပါတယ်။ အရှေ့မျက်နှာဖက်မှ တခုတည်းသော ဝင်ပေါက်နဲ့ မျက်နှာကျက်အမိုးခုံး အခန်းငယ်တခုသာ ရှိတဲ့ ဘုရားဖြစ်ပါတယ်။ အတွင်းခန်းတခုလုံးရဲ့ နံရံတွေကို လက်ရာမြောက်တဲ့ ဆေးရေးပန်းချီတွေနဲ့ ဆင်ယင်ထားပါတယ်။ အတွင်းမှာ စံပယ်တဲ့ တဆူတည်းသော ဗုဒ္ဓဆင်းတုတော်မှာ လူမသမာတွေ ဖျက်ဆီးထားတဲ့အတွက် အတော်ပျက်စီးနေပါတယ်။
နံရံဆေးရေးပန်းချီတွေကတော့ ဘုရားအလောင်း ဖွားတော်မူခန်း တောထွက်ခန်းနဲ့ ပုဂံအဝတ်အစားတွေ ဝတ်ထားတဲ့ မာန်နတ်ရဲ့ သမီးသုံးယောက်တို့ရဲ့ပန်းချီတွေပဲ ဖြစ်ပါတယ်။
This email address is being protected from spambots. You need JavaScript enabled to view it. | Facebook | Instagram
Copyright © 2017, Wonder Bagan. All Rights Reserved.