ဘူးဘုရား

ဘူးဘုရား

ပုံသဏ္ဌာန်
စေတီ
တည်နေရာ
ပုဂံမြို့ဟောင်း
တည်နှစ်
၁၀ - ၁၁ ရာစု
ရှေးဟောင်းအမှတ်
၁၆၅၇

ဗိသုကာလက်ရာ

“ဘူး”ရဲ့အဓိပ္ပါယ်က “ဘူးသီး” ဖြစ်ပြီး “ဘုရား” က “စေတီ” ကို ရည်ညွှန်းပါတယ်။ ဒါကြောင့် ဘူးဘုရားဆိုတာ ဘူးသီးပုံစေတီလို့ ဆိုလိုတယ်။ ဘူးဘုရားက ဧရာဝတီမြစ်ကမ်းပါးပေါ်မှာ တည်ရှိပါတယ်။ ဖိနပ်ခုံကို ခရုပတ်ရစ်ခွေပြီး စိန်တန်းပတ်လမ်း နှစ်ဆင့် ဆောက်ထားပါတယ်၊ အဲဒီအပေါ်က စေတီသေးသေးလေးဟာ ရေကြောင်းသွားသူတွေအတွက် မီးပြတိုက်သဖွယ် ဖြစ်ပါတယ်။ စေတီရဲ့ ခေါင်းလောင်းက ငကျွဲနားတောင်းရဲ့ မွေတော် ဓာတ်တော်ထည့်တဲ့ ရှည်မျောမျော အဝန်းညီ တောင်းပုံ နဲ့ တူပါတယ်။ သူ့အထက်မှာတော့ သိပ်သည်းတဲ့ ဖောင်းရစ် ကြာမှောက် ရွဲ ကြာလှန် ငှက်ပျောဖူးကနေ ငှက်မြတ်နားနဲ့ စိန်ဖူးတော်အထွဋ်ရှိတဲ့ ထီးတော် ရှိပါတယ်။

သမိုင်း

ပါးစပ်သမိုင်းအရ ခရစ်နှစ် ၃ ရာစုက ပုဂံကို အုပ်စိုးသွားတဲ့ ပျူစောထီးမင်း တည်ထား ကိုးကွယ်ခဲ့တာလို့ ပြောပါတယ်။ ပုံသဏ္ဌာန်အရ ပြောရရင် ၁၀ ရာစုက ဖြစ်နိုင်ချေများပါတယ်။

ပတ်ဝန်းကျင်

ဘုရားဝန်းထဲမှာ မုန်တိုင်းနတ်ကို ပသရာဖြစ်တဲ့ နတ်ကွန်းတခု ရှိတယ်။
လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.