ဘုရားသုံးဆူ

ဘုရားသုံးဆူ

ပုံသဏ္ဌာန်
ဂူဘုရား
တည်နေရာ
မင်းနန်သူရွာ
တည်နှစ်
ခရစ်နှစ် ၁၃ရာစု
ရှေးဟောင်းအမှတ်
၄၇၇၊ ၄၇၈၊ ၄၇၉

ဗိသုကာလက်ရာ

အဲဒီဘုရားတွေကို ဘုရားသုံးဆူလို့ ခေါ်တာကတော့ ဘုရားသုံးဆူစလုံး ပုံစံတူ စတုရန်းပုံအုတ်တိုက်ခံဖြစ်ပြီး အပေါ်မှာ ကွမ်းထောင်ပေါက်ထားပါတယ်။ တဆူနဲ့တဆူ ဘေးချင်းယှဥ်လျက် တည်ထားပြီး ပေါင်းကူးစင်္ကြံနှစ်စင်းနဲ့ ဆက်သွယ်ထားပါတယ်။

နံရံတွေနဲ့ အမိုးခုံးတွေမှာ ဆေးရေးပန်းချီတွေ လှလှပပ ရေးဆွဲထားပြီး အရှည်တည်တန့်အောင် ထိန်းသိမ်းပေးထားပါတယ်။ အလယ်ဘုရားမှာ တဝက်တပျက်ရေးဆွဲထားတာ ရှိတယ်၊အနောက်ဖက်က ဘုရားနံရံတွေမှာ လုံးဝ ရေးဆွဲထားတာ မတွေ့ရပါဘူး။ အဲဒါက ရေးဆွဲနေစဥ်အတွင်း အကြောင်းတခုခုကြောင့် အပြီးမသတ်နိုင်ပဲ ဘုရားတည်ခြင်းအမှု ရပ်လိုက်ရတယ်လို့ ယူဆစရာ ဖြစ်ပါတယ်။

သမိုင်း

ဘုရား ဘယ်အချိန် စတည်တယ်ဆိုတာ မသိပေမယ့် ၁၃ရာစုဝန်းကျင်လောက်က တည်ဆောက်ခဲ့တာ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။
လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.