ရွှေပြည်နန်း သနပ်ခါးပြတိုက်

ရွှေပြည်နန်း သနပ်ခါးပြတိုက်

ပုံသဏ္ဌာန်
ပြတိုက်
တည်နေရာ
ညောင်ဦးမြို့
တည်နှစ်
 

အမှန်တကယ် အသုံးဝင်တဲ့ ရိုးရာ မြန်မာ့သနပ်ခါးကို ဖွင့်ဟပြဖို့ မြန်မာပြည်မှာ အကြီးဆုံး သနပ်ခါးကုမ္ပဏီဖြစ်တဲ့ ရွှေပြည်နန်းက သူ့ရဲ့ သနပ်ခါး အမှတ်တံဆိပ်ဖြစ်တဲ့ “ရွှေပြည်နန်း” အမည်ကို ယူပြီး သနပ်ခါးပြတိုက်တခု ဖွင့်လှစ်လိုက်ပါတယ်။ ဒါက တကမ္ဘာလုံးမှာ တခုတည်းသော သနပ်ခါးပြတိုက်ဖြစ်ပြီး သီရိပစ္စယာ (၄) နဲ့ ညောင်ဦး- ပုဂံလမ်း လမ်းမကြီးထောင့်မှာ တည်ရှိပါထယ်။

သင်ရဲ့ သနပ်ခါးနဲ့ ပတ်သက်လို့ စပ်စပ်စုစု သိချင်သမျှ ဘာကိုမဆို ပြတိုက်ကို သွားလည်တာနဲ့ ပြေလည်သွားပါလိမ့်မယ်။ ပြတိုက်ထဲကို ဝင်လိုက်တာနဲ့ သင့်မျက်စိထဲ တန်းဝင်လာမှာကတော့ အနှစ်တရာသက်တမ်းရှိပြီဖြစ်တဲ့ သနပ်ခါးပင်ပါပဲ။ အတွင်းခန်း အပြင်အဆင်က အားကျလောက်ပြီး အဆင့်မြင့် အထက်တန်းကျပါတယ်။ နံရံပေါ်မှာ သနပ်ခါးပေါက်ရောက်ရာ အရပ်ဒေသတွေကို မြေပုံနဲ့ ပြထားပါတယ်။ အရည်အသွေးကောင်းပြီး ရှားပါးတဲ့ သနပ်ခါး အခေါက်တွေကိုလဲ အညွှန်းစာသားနဲ့အတူ ခင်းကျင်းပြသထားပါတယ်။ ကုန်းဘောင်ခေတ်နဲ့ ပျူခေတ်က (သနပ်ခါးသွေးတဲ့) ကျောက်ပြားနဲ့ ဖီးလိမ်းချယ်သတဲ့ခုံကို ပြသထားပါတယ်။ အလည်လာတဲ့ဧည့်သည်အနေနဲ့ ပြတိုက်ထဲမှာ အသင့်ထားပေးထားတဲ့ သနပ်ခါးတုံးကို ကျောက်ပြင်အဝိုင်းပေါ်မှာ ကိုယ်တိုင်သွေးပြီး လိမ်းကြည့်နိုင်ပါတယ်။

သနပ်ခါးဟာ ရှေးပျူခေတ်ကတည်းက မြန်မာတွေရဲ့ ရိုးရာကော့စ်မက်တစ် ဖြစ်ပါတယ်။ သနပ်ခါးကို ရုက္ခဗေဒအခေါ် လင်မိုနီးယား အက်စစ်ဒီဆီးမား ဆိုတဲ့ သဘာဝအလျောက် သစ်တောထဲမှာပေါက်တဲ့ သနပ်ခါးပင်ကနေ ရပါတယ်။ ဒီနေ့ခေတ်မှာတော့ တောင်သူတွေက သနပ်ခါးကို အခင်းနဲ့ စိုက်ပျိုး ထုတ်လုပ်နေကြပါပြီ။ သနပ်ခါးကို အသားအရေ ချောမွေ့အောင် ထိန်းသိမ်းဖို့နဲ့ ရေမွှေးအဖြစ်လဲ ပြုလုပ်သုံးစွဲနေကြပါပြီ။ အခေါက်နဲ့ အမြစ်တင် မဟုတ်ပဲ အရွက်လည်းပဲ ဆေးဖက်ဝင်ပါတယ်။ မှန်မှန်လိမ်းပေးမယ်ဆိုရင် တဖြည်းဖြည်းနဲ့ အသားအရေ ဝင်းပချောညက်လာစေပါတယ်၊ ပြီးတော့ အရေပြားကို နေလောင်တာကနေလဲ ကာကွယ်ပေးပါတယ်။

ရွှေပြည်နန်းသနပ်ခါးပြတိုက်ဟာ သနပ်ခါးဥယျာဥ် သနပ်ခါးပြခန်း သနပ်ခါးအခဲပြုလုပ်ခန်း (jet museum) မြန်မာလက်မှုပညာ အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းခန်း စတာတွေ ပါဝင်တဲ့ အတော်ကျယ်ဝန်းတဲ့ ပြတိုက်ဖြစ်ပါတယ်။ စားတော်ဆက်၊ အင်တာနက်ကဖေးနဲ့ ဆံပင် မိတ်ကပ် အလှပြင်ဆိုင်တွေပါတဲ့ ကွန်ယက်ပြတိုက်ကြီး ဖြစ်ပါတယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.