ပုဂံ ရှေးဟောင်းယဥ်ကျေးမှုပြတိုက်

ပုဂံ ရှေးဟောင်းယဥ်ကျေးမှုပြတိုက်

ပုံသဏ္ဌာန်
   ပြတိုက်
တည်နေရာ
   ပုဂံမြို့ဟောင်း
တည်နှစ်
  ၁၉၀၄ / ၁၉၉၇

ပုဂံရှေးဟောင်းယဥ်ကျေးမှုပြတိုက်ဟာ ဂေါတောပလ္လင်ဘုရားရဲ့ တောင်ဖက် ပုဂံမြို့ဟောင်းအတွင်းမှာပင် တည်ရှိပါတယ်။ တနင်္လာနှင့် တရားဝင် ရုံးပိတ်ရက်များမှအပ နေ့စဥ် မနက် ၉ နာရီ မှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ ဖွင့်လှစ်ပါတယ်။.

လက်ရာ

ရှေးဟောင်းယဥ်ကျေးမှုပြတိုက်အသစ်ဟာ အောက်ခြေ ရှစ်မြှောင့်ပုံစံရှိ သုံးထပ် အဆောက်အဦ ဖြစ်ပါတယ်။ ပြတိုက်မှာ ရှေးဟောင်းပစ္စည်းတွေနဲ့ ကျောက်စာတွေ၊ ကျောက်ရုပ်ထုတွေနဲ့ ထုထည်ကြီးမားတဲ့ ပစ္စည်းတွေကို အခန်း (၃) ခန်းမှာ ပြထားပါတယ်။

သမိုင်း

ရှေးဟောင်းယဥ်ကျေးမှု ပြတိုက်ဟောင်းကို ၁၉၀၄ ခုနှစ်က အာန္ဒာဘုရား မြောက်ဖက်မုခ် အဝင်ဝအနီးမှာ တည်ဆောက်ခဲ့တာ ဖြစ်တယ်။ ပြတိုက်သစ်ကို ၁၉၉၅ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

စိတ်ဝင်စားဖွယ်ရာ ပြကွက်များ

ပြတိုက်ဆင်ဝင်ရဲ့ ရှေ့ဖက်မှာ သူရဲကောင်း မင်းကြီးပျူစောထီးရဲ့ ရုပ်တုကြီး ရှိပါတယ်၊ သူက ပုဂံမင်းဆက် ၅၅ ဆက်အနက် တတိယမင်းဆက်ဖြစ်ပြီး သူ့ရုပ်တု ပတ်ပတ်လည်မှာ သူ နှိမ်နင်းသတ်ဖြတ်ပစ်ခဲ့တယ်ဆိုတဲ့ ငှက်ကြီး၊ တောဝက်ကြီး၊ ကျားကြီး၊ ရှူးပျံကြီးနဲ့ ဘူးရိုင်းသီးကြီးတို့ရဲ့ ရုပ်တုတွေ ရှိပါတယ်။ ပုံပြင်တွေ အဆိုအရ ပုဂံပြည်သူ ပြည်သားတွေကို အကြီးအကျယ် ဆိုးဆိုးဝါးဝါး အန္တရာယ်ပေးနေတဲ့ အဲဒီ မကောင်းဆိုးဝါး သတ္တဝါကြီးတွေကို မင်းကြီးက ပြထားတဲ့ ဧရာမ လေး မြားနဲ့ ပစ်ခွင်း သုတ်သင်ခဲ့ နှိမ်နင်းခဲ့တယ်လို့ ဆိုပါတယ်။

ရှစ့်မြှောင့်အဆောက်အဦရဲ့ အလယ်မှာ ပုဂံရာဇဝင်အတွက် အင်မတန် အရေးပါတဲ့ ရာဇ ကုမာကျောက်စာတိုင်ကို ခင်းကျင်း ပြသထားပါတယ်။ ကျောက်စာတိုင်ဟာ လေးမျက်နှာ ဖြစ်ပြီး တမျက်နှာစီမှာ ပျူ၊ မွန်၊ ပါဠိ၊ မြန်မာ လေးဘာသာဖြင့် ရေးထိုးထားပါတယ်။

ပြတိုက်ထဲကို ဝင်လိုက်တာနဲ့ ပုဂံခေတ်မှာ ထင်ရှားကျော်စောခဲ့တဲ့ မင်းတွေဖြစ်တဲ့ အနော်ရထာ၊ ကျန်စစ်သား၊ အလောင်းစည်သူနဲ့ ကျစွာမင်းကြီးတို့ရဲ့ ကြေးသွန်းရုပ်တုကြီးတွေကို ပုဂံရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်တွေ တွေ့ရာ နေရာဒေသတွေကို ဖော်ပြပါရှိတဲ့ နံရံပြည့် သရုပ်ဖော်ပန်းချီကားချပ် နောက်ခံနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။

မြေညီထပ်မှာ ပုဂံခေတ် အနုပညာလက်ရာနဲ့ လက်မှုပညာလက်ရာတွေ ပုဂံလူမှုအဖွဲ့အစည်းက ပန်းချီလက်ရာတွေ စစ်မြေပြင်တွေ ဘာသာ စာပေ လက်ရာတွေ ရှေးဟောင်းဆိုင်ရာ ဒီဇိုင်းတွေ ရှေးခေတ် အဝတ်အစားတွေ ရုပ်တုတွေ စတာတွေကို အဓိကအနေနဲ့ ခင်းကျင်းပြသထားပါတယ်။ ပထမထပ်မှာတော့ ဘာသာရေးဆိုင်ရာ အကြောင်းအရာတွေ ရှေးဘုရားပုံတော်တွေ ရှေးဟောင်း နံရံပန်းချီတွေ အနုပညာလက်ရာမြောက်တဲ့ ဗုဒ္ဓဝင်တွေ နိပါတ်တော် ပန်းချီတွေ မုဒြာအမျိုးမျိုးနဲ့ ဗုဒ္ဓပုံတော်တွေရုပ်ပွားတော်တွေ စသဖြင့် ပြသထားတယ်။

ဧည့်သည်တွေဟာ ပြတိုက်ခေါင်မိုးပေါ်ကနေ ပုဂံရဲ့ ရင်သပ်ရှုမောစရာ မြင်ကွင်းကျယ် ရှုမျှော်ခင်းတွေကိုလဲ တဝကြီး ကြည့်ရှု ခံစားနိုင်ပါတယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.