ဂေါတော (ကန်တော့)ပလ္လင်

ဂေါတော (ကန်တော့)ပလ္လင်

ပုံသဏ္ဌာန်
ကူဘုရား
တည်နေရာ
ပုဂံမြို့ဟောင်း
တည်နှစ်
ခရစ်နှစ် ၁၂ ရာစု
ရှေးဟောင်းအမှတ်
၁၆၂၂

ဗိသုကာလက်ရာ

ဒီဘုရားဟာ ဧရာဝတီမြစ်ကမ်းပါး မော်တော်ကားလမ်းနံဘေး ပုဂံမြို့ အနောက်တောင်ဖက်ခြမ်းနဲ့ မြို့ရိုးအတွင်းမှာ တည်ရှိပါတယ်။ နှစ်ထပ်အဆောက်အဦဖြစ်တဲ့ ဒီဘုရားဟာ ယေဘုယျအစီအစဥ်နဲ့ အထားအသိုအရ သဗ္ဗညုတဘုရားနဲ့ ဆင်တူရိုးမှား ဖြစ်ပါတယ်။ ဘုရားကို လေးဖက်လေးတန် အုတ်ရိုးခတ်ထားပြီး ဝင်ပေါက် လေးပေါက် ပါရှိပြီး ပဓါနဝင်ပေါက်ဖြစ်သည့် အရှေ့ဖက်မုခ်ဦီးတွင် ကြီးမားတဲ့ အဖြူရောင် ခြင်္သေ့ရုပ်တုနှစ်ခုကို အစောင့်အကြပ်အဖြစ် ထုလုပ်ထားရှိပါတယ်။ ဘုရားအတွင်း မြေညီထပ် လေးဖက်လေးတန်မှာ ဗုဒ္ဓဆင်းတုတော် တဆူစီ ထားရှိပြီးအတွင်းဖက်မှာ နတ်ရုပ် အတော်များများကိုလည်း ထားရှိပါတယ်။ ဘုရားဟာ အုတ်ဖိနပ်တော်မှ ထီးတော်အထိ ဉာဏ်တော် ပေ ၁၈၀ မြင့်ပါတယ်။ အရုဏ်ခံတန်ဆောင်းကို အရှေ့ဖက်ကို မျက်နှာမူပြီး ဆောက်ထားပါတယ်။
ဘုရားရဲ့ ထူထဲတဲ့ အတွင်းနံရံထဲကနေ ကျဥ်းမြောင်းတဲ့ လှေကားနဲ့ အပေါ်ထပ်ကို တက်ပြီး ပုဂံမြို့ရဲ့ ရှုခင်း ပသာဒ အလှအပတွေကို ကြည့်ရှုနိုင်ပါတယ်။

သမိုင်း

မော်ကွန်းမှတ်တမ်းအရ ဒီဘုရားကို နရပတိစည်သူမင်း (၁၁၇၄ - ၁၂၁၁ အေဒီ)က သူရဲ့ ဘိုးလောင်းတော် ဘေးလောင်းတော် အစဥ်အဆက်ကို ကော်ရော် ရည်စူးပြီး တည်ခဲ့တာလို့ သိရပါတယ်။ သမိုင်းအစဥ်အဆက် ပြောကြတဲ့စကားအရဆိုရင် ဒီဘုရားကို ဇေယျသိင်္ခမင်းက ခရစ်နှစ် ၁၂၁၅ ခုနှစ်မှာ တည်ထားခဲ့တာ ဖြစ်ပါတယ်။
လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.