အရှေ့မုခ်လှည့် လှိုင်နှစ်ဆင့်နဲ့ ကြောင်လိမ်လှေကားရှိတဲ့ ဘုရားဖြစ်တယ်။
နံရံဆေးရေးပန်းချီနဲ့ ပန်းတမော့လက်ရာတွေကြောင့် နာမည်ကြီးတယ်။ ဒီဘုရားရဲ့ အတွင်းနံရံတွေမှာ ၅၅၀ ဇာတ်တော်တွေထဲက ရွေးနှုတ် ရေးချယ်ထားတဲ့ နံရံဆေးရေးပန်းချီတွေကြောင့် စိတ်ဝင်းစားကြတယ်။ ဇာတ်တော် အပြည့်အစုံကိုတော့ မြောက်ဖက်က ခန်းမတဝက်နဲ့ တောင်ဖက်က အာရုံခံခန်းမနံရံမှာ ရေးဆွဲထားတယ်။ အဲဒီပန်းချီကားတွေရဲ့အောက်ကနေ ပါဠိနဲ့ ရှေးမန်ကျည်းစေ့မြန်မာစာတွေကို သုံးပြီး ဖော်ပြထားတယ်။ အဲဒီလက်ရာ အတော်များများကို ၁၈၉၉ ခုနှစ်က ဂျာမန်လူပေါ့ လူသွမ်း လူရမ်းကားတယောက်က လွှနဲ့ ဖြတ်တောက်ခိုးယူသွားလို့ အတော်ပျက်စီးပြီး ကျန်ခဲ့ပါတယ်။
ခရစ်နှစ် ၁၃ ရာစုအတွင်း တည်ဆောက်ခဲ့တာပါ၊ အပေါ်ထပ်က မဟာဗောဓိဘုရားလို ကွမ်းထောင်ပေါက် ပြဿဒ်တင်ပြီး တည်ခဲ့တာ ဖြစ်ပါတယ်၊ ၁၅ ရာစုတွင်းမှာ ပြင်ဆင်တာတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။
info@wonderbagan.com | Facebook | Instagram
Copyright © 2017, Wonder Bagan. All Rights Reserved.