နဂါးရုံဘုရား

နဂါးရုံဘုရား

ပုံသဏ္ဌာန်
ဂူဘုရား
တည်နေရာ
မြင်းကပါရွာတောင်ဖက်
တည်နှစ်
ခရစ်နှစ် ၁၁ ရာစု - ၁၂ ရာစု
ရှေးဟောင်းအမှတ်
၁၁၉၂

ဗိသုကာလက်ရာ

အာနန္ဒာဘုရားရဲ့ ရှေ့ပြေးဘုရားလို့ ဆိုသူတွေ ရှိပါတယ်၊ အကြောင်းရင်းကတော့ ဘုရားနှစ်ဆူစလုံး ပိသုကာလက်ရာအနေနဲ့ တူညီတာတွေ များတဲ့အပြင် တည်ထား ကိုးကွယ်သူကလည်း ကျန်စစ်သားမင်းကြီး တစ်ဦးတည်းလို့ ယုံကြည်ကြတဲ့အတွက် ဖြစ်ပါတယ်။ ဘုရားနှစ်ဆူစလုံးရဲ့ ဆင်းလျောအမိုးတွေ ပစ္စယာတွေ ထောင့်စိုက်စေတီတွေ ကွမ်းတောင်တွေကနေ ထီးတော်တိုင်အောင် အားလုံး ဆင်တူကြပါတယ်။

နှစ်ဆူစလုံး မွန်ပိသုကာလက်ရာတွေပါ။ နဂါးရုံဘုရားမှာ အဲဒါတွေက နဲနဲ ပိုပြီးတော့ ပြေပြစ် ညက်ညောတာ တွေ့ရပါတယ်။ မြောက်ဖက်မှာရှိတဲ့ အာရုံခံဆင်ဝင်ရဲ့ အခင်းတွေက အရောင်တင်ထားတဲ့ အစိမ်းရောင် အုတ်တွေ စဥ့်တွေ ဖြစ်ပြီး နံရံတွေမှာတော့ မုခ်ကပ် နံရံမြှုပ်အခန်းငယ်တွေမှာ ဗုဒ္ဓ ဘဝဖြစ်စဥ်တွေကို ရုပ်ကြွ ပန်းတမော့လက်ရာတွေနဲ့ ပူဇော်ထားပါတယ်။ဘုရားအတွင်းမှာတော့ အလယ်မှာ နဂါးပါးပျဥ်းမိုးထားတဲ့ မတ်ရပ် ဗုဒ္ဓရုပ်ပွားတော်ကြီးတဆူနဲ့ လက်ဝဲ လက်ယာမှာ မတ်ရပ် ဗုဒ္ဓရုပ်ပွားတော်ငယ်နှစ်ဆူ ကိန်းဝပ်တော်မူပါတယ်။ အဲဒီဗဟိုရဲ့ စင်္ကြံပတ်လမ်းကို အရောင်တင်ထားတဲ့ အစိမ်းရောင် စဥ့်အုတ်တွေနဲ့ ခင်းထားပါတယ်။

အပြင်နံရံမှာ ထွင်းဖောက်ထားတဲ့ အပေါက်ကလေးတွေကနေ အလင်းရောင် မှိန်မှိန်ပဲ ဝင်ပါတယ်။ အတွင်းနံရံမှာတော့ မုခ်ခုံးတွေမှာ ဂေါတမဘုရားရှင်အရင် ပွင့်တော်မူခဲ့တဲ့ ဘုရားတွေနဲ့ ဇာတ်နိပါတ်တွေထဲက ဘဝဖြစ်စဥ်တွေနဲ့ ဂေါတမဗုဒ္ဓရဲ့ နောက်ဆုံး မဟာပရိနိဗ္ဗာန် စံဝင်တော်မူခန်းတွေကို ရေးဆွဲထားပါတယ်။

သမိုင်း

အစဥ်အလာပြောကြတာကတော့ “နဂါးရုံ” ဆိုတာက မြွေနဂါးက အုပ်မိုးကာကွယ်ပေးထားတယ်လို့ ပြေတာပါ၊ ဒါက ကျန်စစ်သားမင်းရဲ့ ဘဝတကွေ့မှာတုန်းက သူ့အရင် နန်းရတဲ့ နောင်တော် စောလူးမင်းက သူ့အပေါ် အငြှိုးအတေးထားပြီး လုပ်ကြံဖို့ ကြိုးစားစဥ် ကျန်စစ်သားမင်းသား ပြေးရင်းလွှားရင်း ဒီဘုရားဖြစ်လာမယ့် နေရာမှာ အနားယူ အိပ်ပျော်သွားချိန်မှာ ရန်သူတော်တွေ မမြင်နိုင်အောင် နဂါးပျိုတကောင်က သူ့ပါးပျဥ်းနဲ့ အုပ်မိုး ကာကွယ်ပေးခဲ့တာကို သူ မင်းအဖြစ်ကိုရတဲ့အခါမှာ အမှတ်တရ ဘုရားတည်တယ်လို့ ယုံကြည်ပြောဆိုကြတာ ဖြစ်ပါတယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.