စေတနာကြီးစေတီဟာ ပုဂံမြို့သစ်ရဲ့ တောင်ဖက်မှာ တည်ရှိပါတယ်။ ဒီစေတီဟာ ပုဂံတဝိုက်မှာ ထုနဲ့ထည်နဲ့ အကြီးမားဆုံးဘုရားတွေအနက်က တဆူ ဖြစ်ပါတယ်။ အတွင်းက ဌာပနာတိုက် ပုံစံဟာ သီရိလင်္ကာဗိသုကာလက်ရာနဲ့ တူပါတယ်။
ထုထည်ကြီးမားတဲ့ ပုထိုးစေတီဆိုပေမယ့် အတွင်းဖက်မှာ ဥမင်တွေ ရှိနေပါတယ်။ ဒီဥမင်တွေကို စေတီရဲ့ အပြင်ဖက်ကနေ မမြင်ရပါဘူး။ စေတီရဲ့ အောက်ခြေပစ္စယံရဲ့ မျက်နှာတိုင်းမှာ ဆင်ရုပ် ၃၂ ရုပ် ရှိပါတယ်။
ဘုရားပတ်ပတ်လည်က စေတီရံတိုင်းရဲ့ အတွင်းဖက်မှာ သရွတ်ကိုင်ထားတဲ့ မတ်ရပ်ဗုဒ္ဓရုပ်ပွားတော်တွေ ရှိပါတယ်။ ဌာပနာတိုက်မှာ လက်ရာမြောက်လှတဲ့ သရွတ်ကိုင်ထားတဲ့ ပဒုမ္မာကြာပန်းတွေကို ကြည့်ရှုနိုင်ပါတယ်။
စေတီအထက်ပိုင်းမှာ လှေကားထစ်တွေ မရှိပါဘူး။ ဒီစေတီကို “တခဲနက်ကြီးစေတီ” လို့လဲ သိကြပါတယ်။
အစဥ်အဆက် ပြောစကားတွေအရ ဒီဘုရားကို ဇေယျသိင်္ခမင်း တည်ခဲ့တယ်လို့ သိရပါတယ်။
info@wonderbagan.com | Facebook | Instagram
Copyright © 2017, Wonder Bagan. All Rights Reserved.