ရွှေဆံတော်စေတီ

ရွှေဆံတော်စေတီ

ပုံသဏ္ဌာန်
စေတီ
တည်နေရာ
အလယ်လွင်ပြင်
တည်နှစ်
၁၁ ရာစုနှစ်
ရှေးဟောင်းအမှတ်
၁၅၆၈

ဗိသုကာလက်ရာ

ရွှေဆံတော်စေတီဟာ ၁၁ ရာစုနှစ်ကတည်ခဲ့တဲ့ ဗိသုကာလက်ရာမွန်ပုံစံ ပစ္စယံငါးဆင့်ရှိတဲ့ ထုလုံးပုံဘုရား ဖြစ်တယ်။

စေတီရဲ့ လေးဖက်လေးတန်မှာ ဧည့်တွေ ဘုရားဖူးတွေ ပုဂံက စေတီပုထိုးအများအပြားကို လှမ်းမျှော်ကြည့်ရှုနိုင်တဲ့ အထက်ပစ္စယံပေါ်အထိ တက်နိုင်တဲ့ မတ်စောက်တဲ့ လှေကားလေးစင်း ရှိတယ်။ ပြီးတော့ ဒီဘုရားဟာ တဖြည်းဖြည်း လျှောကျ နစ်ဝင်သွားတဲ့ အင်မတန်လှပတဲ့ နေဝင်ချိန်ကို အရသာခံပြီး ကြည့်ဖို့ အကောင်းဆုံး ပုဂံရဲ့ အမြင့်ဆုံး ဖြစ်လို့လည်း ထင်ရှားကျော်ကြားပါတယ်။ ရွှေဆံတော်စေတီဟာ ပုဂံရဲ့ အမြင့်ဆုံးဘုရားတွေထဲက တဆူဖြစ်ပြီး ၃၂၈ ပေ မြင့်တဲ့အတွက် ဘယ်ကပဲ လှမ်းကြည့်ကြည့် မြင်ရတဲ့ ဘုရားဖြစ်ပါတယ်။

ဆရာတော်ဦးဝါယမအမှူးပြုတဲ့ ဘုရားဂေါပကအဖွဲ့က စေတီတော်ကြီးကို ၁၉၅၇ ခုနှစ်တုန်းက ပြုပြင်မွမ်းမံခဲ့ပါတယ်။ ဒီနေ့အချိန်မှာ ဘုရားက ခုခေတ်တည်တဲ့ဘုရားနဲ့ တူနေပေမယ့် တကယ့်တကယ်ကတော့ မူလပကတိ ရှေးရှေးက အတိုင်းပဲ ဖြစ်ပါတယ်။ ဘုရားကို ပြုပြင်မွမ်းမံတုန်းက ရွှေဆံတော်ဘုရားနားက တောကျောင်းတဝိုက်ကနေ ကြေးဆင်းတု အဆူ ၅၀ တွေ့ရှိခဲ့ပါတယ်။ အဲဒီဆင်းတုတော်တွေကို ပုဂံ ရှေးဟောင်းသုတေသနပြတိုက်မှာ ပြသထားပါတယ်။

သမိုင်း

ရွှေဆံတော်ကို တိုက်ရိုက်ဘာသာမပြန်ရင် “(ဗုဒ္ဓချန်ထားရစ်တဲ့) ရွှေရောင်ဆံပင်” လို့ အဓိပ္ပါယ်ရပါတယ်။ မြန်မာပြည်မှာ ရွှေဆံတော်ဘုရားလေးဆူ ရှိပါတယ်။ ပုဂံက ရွှေဆံတော်ဟာ အဲဒီနာမည်တူဘုရားလေးဆူအနက်က တဆူပါပဲ။ ကျန်နာမည်တူဘုရား ၃ ဆူကတော့ တောင်ငူ၊ ပြည်နဲ့ တွံတေးမြို့တွေမှာ ရှိပါတယ်။ ဗုဒ္ဓရဲ့ ဆံတော်တွေကို အဲဒီနာမည်တူ ဘုရားလေးဆူမှာ ဌာပနာထားတယ်လို့ လူတွေက ယုံကြည်ကြပါတယ်။

အစဥ်အလာ အပြောအရဆိုရင် အနော်ရထာမင်းကြီးက မွန်တို့တိုင်းပြည် သထုံကို အောင်မြင်ပြီးနောက် သထုံကနေ ပင့်ဆောင်လာတဲ့ ဆံတော်တွေကို ဒီဘုရားမှာ ဌာပနာပြီး တည်ထားကိုးကွယ်ခဲ့တာလို့ သိရပါတယ်။

ဝန်းကျင်တခို

စေတီတော်ရဲ့ ဖက်လေးဖက်မှာ ရုပ်စုံတွေပါတဲ့ အိမ်လေးအိမ် ရှိတယ်။ အဲဒီအိမ်တွေထဲမှာ တရားထိုင်ဟန် (ဓျာနမုဒြာ) ကျောက်မာ ဗုဒ္ဓဆင်းတုတော် တဆူစီ ပါတယ်။ အဲဒီကျောက်တွေဟာ ပုဂံခေတ်အချိန်ကတည်းက ကျောက်တွေဖြစ်တယ်။ ပုဂံကို ဗုဒ္ဓဘာသာ မရောက်ခင်က ဂေနစ်ရှားလို ဟိန္ဒူနတ်တွေကို ကိုးကွယ်ကြပါတယ်။ ဒါကြောင့် ဒေသခံတွေက ဒီဘုရားကို မဟာပိန္နဲ ဒါမှမဟုတ် ဘုရားရဲ့ ပစ္စယံ ၅ ခုရဲ့ ထောင့်မှာ ဆင်ဦးခေါင်းနဲ့ နတ်ရုပ်တု ရှိတဲ့အတွက် ဂနေးရှားဘုရားလို့ ခေါ်ကြပါတယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.