လေးမျက်နှာ ဂူဘုရား

လေးမျက်နှာ ဂူဘုရား

ပုံသဏ္ဌာန်
ဂူဘုရား
တည်နေရာ
မင်းနန်သူရွာ
တည်နှစ်
ခရစ်နှစ် ၁၃ ရာစု
ရှေးဟောင်းအမှတ်
၄၄၇

ဗိသုကာလက်ရာ

လေးမျက်နှာဘုရားဟာ ပုဂံမြို့ အရှေ့တောင်ဖက်ရှိ မင်းနန်သူရွာအနီးမှာ တည်ရှိပါတယ်။ ဒီဘုရားမှာ ဝင်ပေါက် လေးပေါက် ရှိပါတယ်။ အရှေ့ဖက်ဝင်ပေါက်က ဘုရားထဲကို ဝင်တဲ့ ပင်မဝင်ပေါက် ဖြစ်ပါတယ်။အရှေ့ဖက်ကနေ ဘုရားထဲကို ဝင်လာခဲ့ရင် ကြီးမားတဲ့ ဗုဒ္ဓဆင်းတုတော် လေးဆူကို တွေ့ရမှာ ဖြစ်ပါတယ်။

ဘုရားနံရံတွေပေါ်မှာလည်း ဗုဒ္ဓပုံတော် အမြောက်အမြားကို တွေ့ရပါမယ်။ ဗုဒ္ဓအဖြစ် မရောက်မီ ဘုရားအလောင်းတော်ရဲ့ ၅၅၀ သော ဘဝဘဝတွေကို နံရံတွေပေါ်မှာ အနုပညာမြောက်စွာ ရေးချယ်ထားပါတယ်။

ပစ္စယံ ထောင့်လေးထောင့်တိုင်းမှာ စေတီငယ်တွေ ရံပြီး တည်ထားပါတယ်။ တချိန်တုန်းကတော့ ဘုရားနံရံတွေပေါ်မှာ ဆေးရေးပန်းချီတွေ ရှိခဲ့ပေမယ့် နောက်ပေါ်အလှူရှင်တွေက ပန်းချီတွေရဲ့အပေါ်ကနေ ဆေးတွေ ထပ်ပိုးသုတ်ခဲ့တဲ့အတွက် မမြင်နိုင်တော့ပါဘူး။ ဒါပေမယ့် အုတ်နဲ့ဆောက်တဲ့ ပုဂံခေတ်က ရေတွင်းနဲ့ ကျောင်းကိုတော့ အခုတိုင် ဘုရားအနီးမှာ တွေ့နိုင်ပါသေးတယ်။

သမိုင်း

ဒီဘုရားကို ဇေယျသိင်ခ မင်းကြီးလက်ထက် ခရစ်နှစ် ၁၂၂၄ ခုနှစ်မှာ စစ်သူကြီးအမတ် အနန္တသူရနဲ့ အမတ်ကတော်တို့က တည်ဆောက်ပူဇော်တာ ဖြစ်ပါတယ်။ ကျောက်စာမှာ မြင့်မြတ်ပြီး အဖိုးမဖြတ်နိုင်တဲ့ ဝတ္ထုပစ္စည်းတွေကို ဌာပနာထားကြောင်း အလှူရှင်တွေက အသေးစိတ် ရေးထိုးထားပါတယ်။ ဒီဘုရားကို တည်ထားပူဇော်တဲ့အတွက် ဘဝ အသစ်အသစ် တဖန်ဖြစ်ရသော သံသရာစက်ကို ရပ်ပစ်နိုင်ရလိုကြောင်း သေနာပတိ အမတ်ကြီးနဲ့ အမတ်ကတော်တို့က ဆုတောင်းထားကြပါတယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.