မြစေတီ

မြစေတီ

ပုံသဏ္ဌာန်
စေတီ
တည်နေရာ
မြင်းကပါရွာ
တည်နှစ်
၁၉ ရာစု
ရှေးဟောင်းအမှတ်
၁၃၂၀

ဗိသုကာလက်ရာ

ခေါင်းလောင်းကစပြီး အပေါ်ပိုင်း ရွှေပိန်းချထားကာ ထိပ်မှာ အခွေအဆင့်ဆင့်ပါ ထီးတော်နဲ့ အထွဋ်တင်ထားတဲ့ စေတီဖြစ်ပါတယ်။ ခေါင်းလောင်းကစလို့ အထက်ပိုင်းဟာ ပစ္စယံအဆင့်ဆင့်အပေါ်မှာ တည်ထားတာ ဖြစ်ပါတယ်။ ပထမပစ္စယံနံရံတွေမှာ အလှဆင် ရွှေထီးအထွဋ်တင် မုခ်ကပ်တွေထဲမှာ ဗုဒ္ဓရုပ်ပွားတော်ငယ်တွေကို ထည့်သွင်း ပူဇော်ထားပါတယ်။

ပထမနဲ့ တတိယပစ္စယံထောင့်တွေမှာ ဖန်ပဒေသာထီးတွေနဲ့ အလှဆင်ထားပြီး ဒုတိယပစ္စယံရဲ့ ထောင့်တွေမှာတော့ ခြင်္သေ့ရုပ်တွေကို တွေ့ရပါတယ်။

ဝန်းကျင်တခို

မယ်တော်မိခင်ရဲ့ ကျေးဇူးကို ရည်မှန်းပြီး၎င်း၊ ဖခင် ကျန်စစ်မင်းကြီးရဲ့ ခံစားချက်ကို နားလည်သည့်အလျောက်၎င်း၊ ရာဇကုမာ မင်းသားက ရေးထိုးစိုက်ထူခဲ့တဲ့ ကျောက်စာတိုင်ကို အလှူတော် စေတီအနီးမှာ တွေ့ရှိခဲ့ပါတယ်။ ဒီကျောက်စာတိုင်ကို မြစေတီကျောက်စာ ဒါမှမဟုတ် ရာဇကုမာကျောက်စာလို့ ခေါ်ကြပါတယ်။

ရာဇကုမာမင်းသားဟာ ကျန်စစ်သားမင်းကြီးရဲ့ ထီးနန်းအရိုက်အရာကို ဆက်ခံပိုင်ခွင့်ရှိတဲ့ တရားဝင် သားတော်ကြီး ဖြစ်ပါတယ်။ ဒါပေမယ်လို့ ကျန်စစ်သားမင်းကြီးဟာ သူရဲ့ မြေးတော်ကို အိမ်ရှေ့ဥပာဇာ အပ်နှင်းတဲ့အထိ သူ့မှာ သားတော်တစ်ပါး ရှိတာကို သိတော်မမူပါဘူး။ ကုမာမင်းသားဟာ သူ့တစ်ဘဝလုံး မင်းသားအရာနဲ့ပဲ နေသွားခဲ့ရရှာပါတယ်။

ရာဇကုမာရဲ့ မယ်တော် ကံတော်ကုန်တော့ မယ်တော်ရဲ့ လက်ဝတ်ရတနာတွေနဲ့ အပိုင်စား ရွာလေးရွာကို ရောင်းချပြီး မြစေတီ အမည်နဲ့ ဘုရားတဆူ တည်ကာ မယ်တော်ကို ရည်မှန်းပြီး ရေစက်ချ လှူဒါန်းပါတယ်၊ သူ့မှာရှိတဲ့ ကျွန်အားလုံးကိုလဲ ဘုရားကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လှူဒါန်းပါတယ်။

မြစေတီကျောက်စာရဲ့ အကြောင်းကို ဒီဒေသခံတွေ ကောင်းကောင်း နားလည်ပါတယ်။ ကျောက်စာကို တိုင်ရဲ့ မျက်နှာ လေးဖက်မှာ မြန်မာ၊ မွန်၊ ပါဠိ၊ ပျူ စတဲ့ ဘာသာလေးမျိုးနဲ့ ရေးထိုးထားခဲ့တာ ဖြစ်ပါတယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.