ပြဿဒါးကြီး

ပြဿဒါးကြီး

ပုံသဏ္ဌာန်
ဂူဘုရား
တည်နေရာ
အလယ်လွင်ပြင်
တည်နှစ်
၁၃ ရာစုနှစ်
ရှေးဟောင်းအမှတ်
၈၀၃

ဗိသုကာလက်ရာ

နှစ်ထပ်ဂူဘုရားပုံစံဖြစ်ပြီး စူဠာမဏိဘုရားရဲ့ အရှေ့တောင်ဖက်မှာ တည်ရှိပါတယ်။ ပုဂံမှာ ထုထည်အကြီးမားဆုံး ဘုရားတွေထဲက တဆူဖြစ်ပြီး ထူးခြားလှပတဲ့ အင်္ဂတေ ပန်းတမော့လက်ရာတွေ ရှိတဲ့ ဘုရားတဆူ ဖြစ်တယ်။ ဘုရားအရှေ့ခြမ်းမှာ မုခ်ကုံးနှစ်ထပ်ပါတဲ့ အာရုံခံတန်ဆောင်း ရှိတယ်။ အပေါ်ပစ္စယံမှာ ချိုင့်ဝင်နေတဲ့ နေရာတခု တွေ့တယ်။ ဒါနဲ့ဆက်စပ်ပြီး ဒီဘုရားကို ပြီးစီးတဲ့အထိ မတည်ဖြစ်ခဲ့ဘူးလို့ ကောက်ချက်ချခဲ့တယ်။ ဒါပေမဲ့ ၁၉၉၈ ခုနှစ်က ထိန်းသိမ်းပြုပြင်ရေးအလုပ်တွေ လုပ်နေစဥ်အတွင်း ဘုရားကြီးရဲ့ ကြာလှန် ကြာမှောက်နဲ့ ရွဲတွေကို တွေ့ရှိတဲ့အတွက် ဘုရားကြီးကို ပြီးစီးတဲ့တိုင် တည်ခဲ့ကြောင်း သိကြရတော့တယ်။

သမိုင်း

အစဥ်အလာ အပြောအရ ဒီဘုရားကြီးကို ကျစွာမင်းကြီး တည်ခဲ့တာလို့ ဆိုပါတယ်။
လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.