ယွန်းပြတိုက်

ယွန်းပြတိုက်

ပုံသဏ္ဌာန်
ပြတိုက်
တည်နေရာ
ပုဂံမြို့ဟောင်း
တည်နှစ်
၁၉၇၂ ခုနှစ်

ယွန်းပြတိုက်ဟာ ပုဂံမြို့ဟောင်းအတွင်း သရပါတံခါးနဲ့ မလှမ်းမကမ်းက ဘေးလမ်းကြားထဲမှာ တည်ရှိပါတယ်။ ပြတိုက်ကို ၁၉၇၂ ခုနှစ်ကဖွင့်လှစ်ခဲ့ပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေအဖို့ ရတနာထိုက်တဲ့ သတင်းအချက်အလက်တွေ ရနိုင်တဲ့ နေရာဖြစ်တဲ့အတွက် ပြတိုက်ကို လာလည်ပတ်ရင် အကျိုးဖြစ်ထွန်းပါလိမ့်မယ်။

အလွန်ကောင်းမွန်တဲ့ များပြားလှတဲ့ ယွန်းလက်ရာပစ္စည်း အမျိုးမျိုးကို ပြတိုက်ထဲမှာ ခင်းကျင်းပြသထားပါတယ်၊ အဲဒီအထဲက အတော်များများကို လုံခြုံရေးအတွက် မှန်သေတ္တာ မှန်ပုံးတွေနဲ့ ထည့်သွင်းပြသထားပါတယ်။ တချို့ပစ္စည်းတွေက နှစ်ပေါင်း ရာချီတဲ့ သက်တမ်း ရှိပြီး ကျန်ပစ္စည်းတွေကတော့ ကိုလိုနီခေတ် မတိုင်မီက ပစ္စည်းတွေ ဖြစ်ပါတယ်။ ပစ္စည်းအများစုက ဘာသာရေးဆိုင်ရာ အခမ်းအနားတွေမှာ သုံးတယ်ဆိုပေမယ့်လည်း တချို့ပစ္စည်းတွေက ရွှေနန်းသုံးပစ္စည်းတွေ ဖြစ်ပါတယ်။ အဲဒီထဲက အများစုကတော့ ဆွမ်းခံရာမှာ သုံးတဲ့ သပိတ်တွေပဲ ဖြစ်ပါတယ်။

ဧည့်သည်တော်တွေ ကြည့်ရှုကြတဲ့ ဒီမှာ ခင်းကျင်း ပြသထားတဲ့ ယွန်းထည် အမျိုးမျိုးကို မြန်မာပြည်က ဒေသ သုံးခုမှာ ပြုလုပ်တာ ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ ပုဂံဒီဇိုင်းနဲ့ အလှအပ အမွမ်းအမံများတဲ့ မန္တလေးလက်ရာတွေဟာ သိသိသာသာ ကွဲပြားပါတယ်။ ပရိဘောဂ၊ လက်ဝတ်လက်စားနဲ့ ရတနာပစ္စည်းထည့် သေတ္တာ၊ ကျုတ်၊ သပိတ်နဲ့ အစားအသောက်ထည့်စရာ ပန်းကန်ခွက်ယောက်၊ ခြင်း၊ လင်ပန်းစတာတွေဟာ နေ့တဓူဝသုံး ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ဧည့်သည်တော်တွေအနေနဲ့ ယွန်းထည်ပစ္စည်း ပြုလုပ်ပုံ အဆင့်ဆင့်ကို ကြည့်ရှုလေ့လာချင်ရင် တဖက်ခန်းကို သွားရောက် လေ့လာနိုင်ပါတယ်။ ဒီဝန်းထဲမှာ ယွန်းပညာ အတတ်သင်ကျောင်းတစ်ကျောင်းလည်း ရှိပြီး ကျောင်းသားတွေ ပြုလုပ်တဲ့ ယွန်းထည်တွေကိုလည်း အဲဒီမှာ ရောင်းချပေးပါတယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.