စိမ်းညက်အစ်မ ဂူဘုရားနဲ့ စိမ်းညက်ညီမ စေတီ

စိမ်းညက်အစ်မ ဂူဘုရားနဲ့ စိမ်းညက်ညီမ စေတီ

ပုံသဏ္ဌာန်
ကူဘုရားနဲ့ စေတီ
တည်နေရာ
ပုဂံမြို့သစ် မြောက်ဖက်
တည်နှစ်
၁၁ - ၁၂ ရာစု
ရှေးဟောင်းအမှတ်
၁၀၈၅ အစ်မ၊ ၁၀၈၆ ညီမ

ဗိသုကာလက်ရာ

ပုဂံမြို့သစ်ရဲ့ မြောက်ဖက် ဝန်းတခုထဲမှာပဲ တည်ရှိပါတယ်။ လေးထောင့်စပ်စပ် အစ်မတော်ရဲ့ ဘုရားက ဆင်ဝင် (အာရုံခံမုခ်ဦး) လေးခုပါပြီး ပင်မအာရုံခံက အနောက်ဖက်ကို လှည့်နေပါတယ်။

ပင်မအဆောက်အဦမှာ အတော်စောက်တဲ့ ပစ္စယံတွေပါတယ်။ ဘုရားရဲ့ ထိပ်ဆုံးမှာ တွေ့ရလေ့ရှိတဲ့ ထီးနဲ့ အလားသဏ္ဌာန်တူတဲ့ သိခါရကို လေးထောင့်အောက်ခံအုတ်ခုံပေါ်မှာ တွေ့ရပါတယ်။ တချိန်က အဝင်မုခ်ဝ ၃ ခုမှာ တြိဂံသဏ္ဌာန်ရှိ တကဲတွေလဲ အတော်ပျက်စီးနေပါပြီ။

ကပ်လျက်တည်ရှိတဲ့ စိမ်းညက်ညီမစေတီကတော့ ပစ္စယံသုံးဆင့်ပေါ်မှာ တည်ထားတဲ့ ထုလိုက်ပုထိုး ဖြစ်ပါတယ်။

သမိုင်း

ပါးစပ်သမိုင်းအရတော့ စိမ်းညက်အစ်မဘုရားက မိဖုရား စိမ်းညက်က တည်တာဖြစ်ပြီး ပိသုကာပုံစံအရ ၁၃ ရာစုနှစ်က ဖြစ်မယ်လို့ ယူဆရပါတယ်။ စိမ်းညက်ညီမဘုရားကတော့ ဒေသ အစဥ်အလာအတိုင်း ၁၁ ရာစုက တည်တဲ့ဘုရားလို့ ယုံကြည်ကြပါတယ်။

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.