ပုံပန်းသဏ္ဌာန်အနေနဲ့ ပုဂံမှာ ကျန်ရှိနေတဲ့ စေတီပုထိုး ၂၀၀၀ ကျော်အနက် တခုတည်းသော ဂန္ထဝင်လက်ရာ နမူနာ ဖြစ်တယ်။ မဟာဗောဓိဘုရားဟာ ရွှေကူကြီးဘုရားရဲ့ မြောက်ဖက် ပုဂံမြို့ဟောင်း မြို့ရိုးအတွင်းမှာ တည်ရှိပါတယ်။ ဒီဂူဘုရားဟာ အိန္ဒိယနိုင်ငံ ဘီဟာနယ် ဗုဒ္ဓဂါယာက ကြော်ကြားထင်ရှားတဲ့ မဟာဗောဓိကူဘုရားကို စံပြုပြီး ပုံစံတူ တည်ထားတာ ဖြစ်ပါတယ်။
ဒီကူဘုရားက နှစ်ထပ်ဖြစ်ပြီး ၄၃ မီတာ ဉာဏ်တော် ရှိပါတယ်။ အောက်ခြေပိုင်းက မျက်နှာလေးဖက်ပါ အောက်ခံကိုယ်ထည် ဖြစ်ပြီး အပေါ်ပိုင်း ပိရမစ်ပုံ ကွမ်းတောင်ကို ထမ်းပေးထားပါတယ်။ ဂူဘုရားရဲ့ ထိပ်ပိုင်းကို ကတော့ချွန်သဏ္ဌာန်နဲ့ အဆုံးသတ်ထားပြီး ထိပ်ဆုံးမှာ ငှက်မြတ်နားနဲ့ စိန်ဖူးတော်လျင် အဆုံးရှိသော ထီးတော်ဖြင့် အထွဋ်တင်ထားပါတယ်။ အရှေ့အရပ်ကို မျက်နှာမူထားတဲ့ ဘုရားခန်းဟာ လေးမျက်နှာတိုက် တမျက်နှာရဲ့ အစိပ်အပိုင်း တခုသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘေးနံရံတွေ စုဆုံ အလင်းကျရာ ကျယ်ပြန့်တဲ့ ဆုတောင်းဝတ်ပြုရာ အာရုံခံတန်ဆောင်းကို ရှေ့ဖက်မှာ ထားပေးပါတယ်။ ဒီအဆောက်အဦမှာ စင်္ကြံခုံးနှစ်ခု ပါပါတယ်။ တောင်ဖက်ခြမ်းရဲ့ ထူထဲတဲ့ နံရံကနေ ကြောင်လိမ်လှေကားနဲ့ အထက်ကို တက်နိုင်ပါတယ်။
အပေါ်ထပ်အဆောက်အဦ(ကွမ်းတောင်) တခုလုံးရဲ့ မျက်နှာပြင်တွေက မုခ်ကပ် အခန်းငယ် အဆင့်ဆင့်တွေထဲမှာ ဗုဒ္ဓဆင်းတုတော်တွေနဲ့ အဆင်တန်ဆာတွေကို တပြန်စီပြုကာ ပူဇော်ထားရှိပါတယ်။ အိန္ဒိယက မဟာဗောဓိဘုရားနဲ့ အလားတူ ဒီဘုရားဟာလည်း အရှေ့ဖက်ကို မျက်နှာမူထားပါတယ်။
info@wonderbagan.com | Facebook | Instagram
Copyright © 2017, Wonder Bagan. All Rights Reserved.