ခရီးသည်တွေ သွားလာရအဆင်ပြေအောင် အီး- ဘိုက် (မော်တော်ဆိုင်ကယ်) အသုံးပြုသူတွေ လတ်တလောနှစ်တွေအတွင်း တိုးတက်များပြားလာနေတယ်။ ခရီးသည်တွေရဲ့ လုံခြုံရေးနဲ့ ယာဥ်တွေ သွားလာမှု ပိုကောင်းအောင် ရှေးဟောင်းအမွအနှစ်တွေရှိတဲ့ ဧရိယာထဲက အတွင်းဖက်က လမ်းတွေကို ရေရှည်တည်တန့်ဖို့ ထိန်းသိမ်းပြုပြင်ဖို့ သမိုင်းဖြစ်ပေါ်တိုးတက်မှုနဲ့ သဟဇာတဖြစ်ဖို့အတွက် ကောင်းမွန်လာအောင် လုပ်ပေးဖို့ လိုပါတယ်။

ရှေးဟောင်းအမွေအနှစ်တွေနဲ့ ပြည့်လျှမ်းနေတဲ့ ဒီဧရိယာအတွင်း ကောင်းမွန်တဲ့ လမ်းကွန်ယက်တခု ရဖို့ဆိုရင် လမ်းအောက်ခြေဖက်မှာ ကျောက်ကြမ်းတွေကို ခံပြီး အပေါ်က ကျောက်စရစ်နဲ့ မြေသားကို ဖို့ရမယ်၊ လက်ရှိနဂိုမြေသားလမ်းရဲ့ အသွင်အပြင်အတိုင်းတိုင်း လမ်းကောင်းတခုရဖို့ အဖြေလည်း ဖြစ်လိမ့်မယ့်အပြင် ရေရှည်ခံတဲ့လမ်းတခု ဖြစ်ဖို့ မျှော်လင့်နိုင်ပါတယ်။ 

မှတ်ချက်။   ။ ဒီစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လက တင်ကြိုမမြင်နိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် ဖျက်သိမ်းခဲ့ပါတယ်။

Continue reading

ဘုရားပုထိုးတွေထက်ကနေ နေဝင်ချိန်ကို ကြည့်တာဟာ ခရီးသည်အားလုံးအတွက် အကျော်ကြားဆုံး အလုပ်တွေထဲက တခုဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားပုထိုးတွေရဲ့ ရေရှည်တည်တံ့ရေးနဲ့ ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဘုရားပုထိုးတွေအပေါ်ကို တက်တာကို ကောင်းကောင်းထိန်းချုပ်ဖို့ လိုအပ်ပါတယ်။

အစားထိုး ရှုခင်းသာအနေနဲ့ မြစ်ရှုခင်း ကျေးလက်ရှုခင်း စသဖြင့်တွေကို “ပုဂံကို ရှာကြစို့” မြေပုံကို ပုံဖော်ကြည့်သလို (မြေပုံတွေကို) ခရီးသည်တွေကို ဝေငှပေးမယ်ဆိုရင် အဲဒီလူတွေအနေနဲ့လည်း ပုဂံရဲ့ အခြားတဖက်က အလှတွေကို ပြန်လည် တွေ့ရှိလာကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Continue reading

မြန်မာ့သမိုင်းရဲ့ ဗဟိုပဓာနဖြစ်တဲ့ ပုဂံ သတင်းနဲ့ ပြန်ကြားရေးဌာနကို ပုဂံမြို့ဟောင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဆောက်အဦက အနီးတဝိုက်က ပတ်ဝန်းကျင်အပေါ် အဆိုးသက်ရောက်မှု နည်းပါးဖို့ လိုအပ်ပါတယ်။ လက်တွေ့လုပ်ဆောင်ဖို့ဆိုရင် ဌာနရဲ့ ကဏ္ဍအသီးသီးရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပြီး အဆောက်အအုံရဲ့ အမြင်ကို အကောင်းဆုံး ထိန်းသိမ်းရပါမယ်။

ပြပွဲတွေ ဆွေးနွေးပွဲတွေနဲ့ ပုဂံနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖြန့်ဖျူးပေးတာတွေကို ပြည်တွင်းနဲ့ ပြည်ပက ခရီးသည်တွေတင်မက ဒေသခံတွေကပါ သုံးစွဲလာဖို့ မျှော်လင့်ပါတယ်။

Continue reading

ခရီးသည်တွေ တိုးတက်များပြားလာတာနဲ့အတူ ယာဥ်သွားလာတဲ့ ပမာဏ ကြီးမြင့်လာနေပြီး ယာဥ်နဲ့ပတ်သက်တဲ့ ဘုရားပုထိုးတွေအပေါ် အဆိုးသက်ရောက်တာတွေ လမ်းပိတ်ဆို့တာတွေနဲ့ လုံခြုံဘေးကင်းမှုစတဲ့ ပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်စေနေတယ်။ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်ဇုံထဲမှာ ယာဥ်သွားယာဥ်လာ ပမာဏကို လျှော့ချဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ သယ်ပို့စနစ်ဖြစ်ဖို့ ၁၊ ယာဥ်ရပ်နားတာကို ထိန်းချုပ်တာ ၂၊ ပုဂံမြို့ဟောင်းအတွင်း ယာဥ်သွားယာဥ်လာ စည်းမျဥ်းစည်းကမ်းလုပ်တာ၊ ၄၊ နေဝင်ချိန်မှာ မြင်းလှည်းကို ပိုသုံးကြဖို့ တိုက်တွန်းမြှင့်တင်တာတို့အတွက် သရုပ်ပြပွဲ နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

Continue reading

ခရီးသွားလုပ်ငန်းပန်းတိုင်ကို ရောက်ဖို့အတွက် ထိရောက်တဲ့ သတင်းမီဒီယာအသုံးချမှုဟာ အခရာကျပါတယ်။ လူထုမီဒီယာတွေဖြစ်တဲ့ တီဗီ ရေဒီယို မဂ္ဂဇင်း စတာတွေနဲ့ လတ်တလောနှစ်တွေမှာ လူမှုနယ်ပယ် သတင်းလောကဖြစ်တဲ့ ယူကျုနဲ့ ဖေ့စဘုတ်တွေဟာ အဓိကနေရာကနေ အရေးပါပါ အသုံးတော် ခံနေတယ်။ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တွေတင် မဟုတ်ပဲ ပုဂံ ဒေသခံတွေရဲ့ လူနေမှုပုံစံတွေစတဲ့ ပုဂံရဲ့ မတူကွဲပြားမှုတွေကို ရုပ်ရှင်တိုလေးတွေ ရိုက်ကူးထုတ်လုပ်လာကြတာနဲ့အတူ ဒီမှတ်တမ်းရုပ်ရှင်တွေဟာ အင်တာနက်ကတဆင့် ကမ္ဘာ့ပြည်သူတွေအကြား ပျံ့နှံ့စိမ့်ဝင်သွားပါလိမ့်မယ်။ သတင်းဖြန့်ချီရေး (မီဒီယာ) ကြားခံအမျိုးမျိုးကို အသုံးပြုရာကနေ အတွေ့အကြုံတွေ၊ နည်းပညာတွေ စုပုံရရှိလာလိမ့်မယ်လို့လဲ မျှော်လင့်မိပါတယ်။

Continue reading

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.