ပုဂံမှာ နှစ်ရာဂဏန်းနဲ့ချီပြီး သက်ဆိုင်ရာ ဘုရားတွေမှာ ဘုရားပွဲတော်တွေ ကျင်းပသလိုမျိုး ယဥ်ကျေးမှု ရိုးရာဓလေ့နဲ့ ဘာသာရေးပွဲလမ်းသဘင်တွေကို ကျင်းပလာခဲ့ကြတယ်။ အခြားတဖက်မှာတော့ ပုဂံရဲ့ တခြားသွင်ပြင်တွေကို ထုတ်ဖော်နိုင်ဖို့အတွက် ပြည်တွင်း ပြည်ပခရီးသည်တွေနဲ့ ဒေသခံတွေပါ ပူးပေါင်းပါဝင်ပြီး “ပုဂံဓာတ်ပုံပွဲတော် ၂၀၁၇” ကို ကျင်းပခဲ့ပါတယ်။ စုစုပေါင်း ဓာတ်ပုံပေါင်း ၄၃၉ ပုံ တင်လာခဲ့ပြီး ဖေ့စ်ဘုတ်ပေါ်မှာ ကြိုက်တယ်ဆိုတဲ့ Like ၂၀,၀၀၀ (နှစ်သောင်း) ရခဲ့တယ်။ ဒီဓာတ်ပုံတွေကတဆင့် လူမသိ သူမသိ ပုဂံဓာတ်ပုံတွေ ပေါ်လာပါတယ်။ ကဏ္ဍအသီးသီးက ပူးပေါင်းပါဝင်မှု ထောက်ခံအားပေးမှုနဲ့ ပွဲတော်ကို အချိန်မှန်မှန် ကျင်းပပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

လုပ်ငန်း မြှင့်တင်ရေး ထောက်ကူပစ္စည်းတွေဟာ ပုဂံနဲ့ ခရီးသွားတွေကို ဆက်သွယ်ပေးမယ့် အဓိက လက်နက်တွေပဲ ဖြစ်တယ်။ ဒီစီမံကိန်းကနေ ခရီးသွားမြေပုံ ပို့စကဒ် ဓာတ်ပုံစာအုပ် သတင်းပေးစာရွက် စတဲ့ ပစ္စည်း ၁၉ မျိုးကို ဖန်တီးပြုလုပ်ခဲ့ပြီး အဲဒါတွေကို ယာယီ ခရီးသွား သတင်းနဲ့ ပြန်ကြားရေးဌာနတွေ အဓိကကျတဲ့ဟိုတယ်တွေ ပုဂံက စားတော်ဆက်တွေနဲ့ တတ်နိုင်သလောက် ရန်ကုန် မန္တလေးစတဲ့ တခြားဒေသတွေမှာပါ ဖြန့်ဝေနေပါတယ်။ ခရီးသွားဧည့်သည်တွေရဲ့ တုန့်ပြန်မှုအပေါ်ကနေ လိုအပ်တဲ့ ပြုပြင်တာတွေ ပိုကောင်းအောင်မြှင့်တင်တာတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Continue reading

အင်တာနက်ကနေ ခရီးသွား သတင်းအချက်အလက်တွေ ရှာဖွေရယူတာဟာ နိုင်ငံခြားသား ခရီးသွားတွေအပေါ် မှီခိုလုပ်ကိုင်ရတဲ့ (FIT) ခရီးသွားလုပ်ငန်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းအနေနဲ့ ခရီးသွား သတင်းအချက်အလက်တွေကို ဖြန့်ဖျူးပေးဖို့ ပုဂံကို အထူးတလည် အဓိကထားပြီး လုပ်ထားတဲ့ တရားဝင် ဝက်ဗ်ဆိုက် မရှိသေးတဲ့အတွက် အလားအလာရှိတဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေ သိထားရင် အကျိုးများနိုင်တဲ့ ခရီးသည်တွေ အသွားများတဲ့နေရာ၊ ဟိုတယ်နဲ့ တည်းခိုခန်းတွေ၊ စားတော်ဆက်တွေနဲ့ တခြား အသုံးဝင်မယ့် သတင်းတွေကို ဖြန့်ပေးမယ့် “အံ့ဖွယ်ပုဂံ” ဝက်ဗ်ဆိုက်ကို ၂၀၁၆ ခုနှစ် မတ်လမှာ ထူထောင်လိုက်ပါတယ်။  လူထုလူတန်းစား ပုဂ္ဂလိကနဲ့ ဒေသခံ လူ့အဖွဲ့အစည်းတွေပူးပေါင်းဆောင်ရွက်ကြရင် ဒီဝက်ဗ်ဆိုက်ရဲ့ ပါဝင်မှုတွေလဲ စုံလာမယ် ဘာသာစကားတွေ ချဲ့နိုင် အသက်ပါပါနဲ့ ယုံကြည်စိတ်ချရပြီး အရှည်သဖြင့်လဲ ရွက်ဆောင်နိုင်တဲ့ ဝက်ဗ်ဆိုက် ဖြစ်လာပါလိမ့်မယ်။

Continue reading

ရေရှည်တည်တန့်တဲ့ ခရီးသွားလုပ်ငန်းတခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ခရီးသွားလုပ်ငန်းထဲမှာ လူ့အဖွဲ့အစည်း ပါဝင်မှုဟာ ပုဂံမှာ အစားထိုးမရတဲ့ အချက်ဖြစ်တယ်။ ဒီအမြင်နဲ့ ပြောရရင် လက်မှုပစ္စည်းလေးတွေကို ရောင်းချရလို့ အမြတ်အစွန်းရတဲ့သဘောမျိုးတင် မဟုတ်ပဲ ခရီးသွားတွေက ဒေသခံတွေနဲ့ ပြောကြ ဆိုကြ ဆက်ဆံတာတွေလုပ်ကြရာက သူတို့အဖို့ အတွေ့အကြုံတွေ ရအောင် ဖန်တီးပေးမယ်ဆိုရင် လအခ (လူ့အဖွဲ့အစည်းအခြေခံ ခရီးသွားလုပ်ငန်း CBT) ဟာ ဖြစ်ထွန်းလာနိုင်တဲ့ ခရီးသွားလုပ်ငန်း ဖြစ်လာပါလိမ့်မယ်။ ဒီအသေးစား စီမံကိန်းကနေပြီး JET အနေနဲ့ ခရီးသွားဧည့်သည် လူ ၅၀၀ ကျော် ပါဝင်လှုပ်ရှားတဲ့ အနောက်ဖွားစောရွာကို အချက်အပြုတ်ခရီးစဥ် အကြိမ် ၂၀၊ သဲပြင်တောရွာကို အုပ်စုလိုက် အကြိမ် ၂၀ သွားရောက်ခဲ့ပါတယ်။ လအခ (CBT) အနေနဲ့ ရေရှည်တည်တန့်တဲ့ လူ့အဖွဲ့အစည်းတခုကို ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်းစဥ်ကနေ လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

Continue reading

လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.