UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခဲ့သော ပုဂံ

UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခဲ့သော ပုဂံ

၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ကျရောက်သည့် Azerbaijan နိုင်ငံ  Baku မြို့တော်တွင် ကျင်းပသော (၄၃) ကြိမ်မြောက် UNESCO World Heritage Committee အစည်းအဝေးမှ ပုဂံရှေးဟောင်းယဉ်ကျေးမှု မြို့တော်ကြီးအား ကမ္ဘာ့အမွေအနှစ် စာရင်းသတ်မှတ်ခဲ့ပြီဖြစ်ပါသည်။

မြန်မာတစ်မျိုးသားလုံး နှင့် အထူးသဖြင့် ပုဂံပြည်သူပြည်သားများမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုမြို့တော်ကြီး UNESCO စာရင်းဝင်သွားခဲ့သော ကြီးကျယ်ခမ်းနားလှသည့် အချိန်အခိုက်အတန့်တွင်ပင်လျင် ဝမ်းသာကြရကာ အံ့သြထောပနာပြုကြလေသည်။ ကျွန်ုပ်တို့သည် UNESCO အဖွဲ့အစည်းနှင့်အတူတစ်ကွပူးပေါင်းကာ ပုဂံယဉ်ကျေးမှုနယ်မြေကြီးကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ကြီးအတွက် အဆင့်သင့်ဖြစ်နေကြပေပြီ။

ကျွန်ုပ်တို့သည် ကမ္ဘာအရပ်ရပ်မှ ခရီးသွားဧည့်သည် အားလုံးကို ပုဂံပြည်ကြီးမှ ကြိုလင့်လျက်ရှိပါသည်။ ခရီးသွားဧည့်သည်များအနေဖြင့်လည်း ပုဂံရွှေပြည်ကြီးတွင် စိတ်ဝင်စားဖွယ် သာသနိကအဆောက်အအုံအမျိုးမျိုးကို စူးစမ်းလေ့လာနိုင်သလိုပင် မူလမပျက် စစ်မှန်တည်ရှိလျက်ရှိသောမြန်မာ့ယဉ်ကျေးမှုထုံးတမ်းဓလေ့များကိုရှာဖွေတွေ့မြင်ကြရမည်ဖြစ်ပါသည်။ 



 

Things to do in Bagan Part-1
 
လက်တွဲဖော်တွေ
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဧဂျင်စီ (ဂျိုက်ကာ)
ပုဂံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း စီမံကိန်း

This email address is being protected from spambots. You need JavaScript enabled to view it.  |  Facebook  |  Instagram

Copyright © 2017, Wonder Bagan. All Rights Reserved.